Connect with us

Hi, what are you looking for?

သတင်း

ထိုင်းရေလုပ်သားလေးဦးကို စစ်ကောင်စီက ထောင်ဒဏ်လေးနှစ်စီ အမိန့်ချမှတ်

ဒေသတွင်းသတင်းရင်းမြစ်များအရ ငါးဖမ်းသမားများကို ရနောင်းတဖက်ကမ်းရှိ ကော့သောင်းမြို့မှာ ရွှေ့ပြောင်းထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

(ထိုင်းရေလုပ်သားလေးဦးအပါအဝင် မြန်မာရေလုပ်သားများအား စစ်ကောင်စီအဖွဲ့ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - Bangkok Post)
(ထိုင်းရေလုပ်သားလေးဦးအပါအဝင် မြန်မာရေလုပ်သားများအား စစ်ကောင်စီအဖွဲ့ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - Bangkok Post)

မက်ကစံ/People’s Spring

ကော့သောင်းရေပိုင်နက်အတွင်းမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းရေလုပ်သားလေးဦးကို စစ်ကောင်စီရဲ့ ကော့သောင်းမြို့နယ်တရားရုံးက ထောင်ဒဏ်လေးနှစ်စီ ကျခံစေရန် အမိန့်ချမှတ်လိုက်ပါတယ်။

ဒီဇင်ဘာ ၁၆ရက်နေ့မှာ ထိုင်းရေလုပ်သားလေးဦးကို ထောင်ဒဏ်လေးနှစ်စီအမိန့်ချမှတ်ပြီး မြန်မာရေလုပ်သား ၂၇ဦးကို ထောင်ဒဏ်တစ်နှစ်စီအမိန့်ချမှတ်ခဲ့တာလို့ ကော့သောင်းမြို့တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

“ထိုင်းလေးယောက်ကို လေးနှစ်စီနဲ့ မြန်မာ​ရေလုပ်သားတွေကို တစ်နှစ်စီချလိုက်တယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ထောင်ဒဏ်လေးနှစ်အမိန့်ချမှတ်ခံရတဲ့ ထိုင်းရေလုပ်သား လေးဦးကို လာမယ့်ဒီဇင်ဘာ ၂၉ရက်နေ့မှာ နှစ်နိုင်ငံချစ်ကြည်ရေးအရ လွှဲပြောင်းပေးပို့မယ်လို့လည်း သဘောတူညီမှုရထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

(ထိုင်းရေလုပ်သားလေးဦးအပါအဝင် မြန်မာရေလုပ်သားများအား စစ်ကောင်စီအဖွဲ့ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ - Bangkok Post)
(ထိုင်းရေလုပ်သားလေးဦးအပါအဝင် မြန်မာရေလုပ်သားများအား စစ်ကောင်စီအဖွဲ့ဖမ်းဆီးထားစဉ်။ ဓာတ်ပုံ – Bangkok Post)

“၂၉ရက်နေ့မှာ ထိုင်းကာကွယ်ရေးက ဒုဝန်ကြီးလာပြီး ခေါ်မယ်ပြောတယ်”လို့ ၎င်းက ပြောပါတယ်။

ထိုင်းငါးဖမ်းသမား ၄ဦးဖမ်းဆီးထားမှုနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ပေထုမ်တန်က မြန်မာစစ်ကောင်စီဒုဝန်ကြီးချုပ်နဲ့ ထိုင်းနိုင်ငံဆိုင်ရာ စစ်ကောင်စီရဲ့မြန်မာသံအမတ်တို့နဲ့ ဆက်သွယ်ပြောဆိုမှုပြလုပ်ခဲ့ပြီး ဥပဒေကြောင်းအရလုပ်ငန်းစဥ်များကြောင်း နှောင့်နှေးကြန့်ကြာနေတဲ့အကြောင်းနဲ့ အခြားကိစ္စရပ်မရှိဘူးလို့ မြန်မာစစ်ကောင်စီဘက်က ပြောဆိုခဲ့တယ်လို့ ထိုင်းသတင်းဌာနအချို့က ဆိုပါတယ်။

ထိုင်းငါးဖမ်းသမား ၄ဦးအရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထိုင်းဝန်ကြီးချုပ်က စစ်ကောင်စီသံအမတ်ကို ပြောဆိုခဲ့ပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်စေလိုတယ်လို့ ပြောကြားခဲ့ကြောင်း ကာကွယ်ရေးဌာနပြောခွင့်ရသာနာထစ်က ပြောထားပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဟာ သီတင်းနှစ်ပတ်ကြာ စစ်ကောင်စီ ဖမ်းဆီးမှုခံထားရတဲ့ ငါးဖမ်းသမား ၄ဦးလွတ်မြောက်ရေးအတွက် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၁၉ ရက်မှာတွေ့ဆုံဖို့ စီစဥ်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ရက်က မြန်မာရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းစက်လှေတွေကို တွေ့ရှိခဲ့ပြီး ငါးဖမ်းစက်လှေတစ်စင်းကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းငါးဖမ်းစက်လှေပေါ်ပါ ထိုင်းနိုင်ငံသား ၄ဦးနဲ့ မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၇ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦးမှာ စက်လှေပေါ်မှ ခုန်ချသွားပြီး သေဆုံးခဲ့ပါတယ်။

မကြာသေးမီက ဒေသတွင်းသတင်းရင်းမြစ်များအရ ငါးဖမ်းသမားများကို ရနောင်းတဖက်ကမ်းရှိ ကော့သောင်းမြို့မှာ ရွှေ့ပြောင်းထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အစောပိုင်းက ထိုင်းနိုင်ငံသား ၄ဦးကို ဒီဇင်ဘာ ၆ရက်မှာ ပြန်လွှတ်ပေးမယ်လို့ သတင်း​တွေထွက်​ပေါ်ခဲ့​ပေမယ့် စစ်​ကောင်စီက လွှတ်မ​​ပေးပဲ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သတ်မှတ် စံနှုန်းတွေနဲ့အညီ ထုတ်လုပ်ထားတာ မဟုတ်ဘဲ ကလေးတွေကို ကင်ဆာရောဂါနဲ့ တခြား ကျန်းမာရေး အန္တရာယ်တွေ ကြုံတွေ့စေနိုင်တဲ့ ပျော့ပျော့အိအိ ရာဘာ squishy အရုပ်ပေါင်း ၂၀၀၀၀ လောက်ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။