Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသား ၄ဦးအရေး ဆွေးနွေးဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သွားမယ်

▪︎ ထိုင်းငါးဖမ်းသမား​တွေပြန်လွတ်ပြီလို့သတင်းထွက်ခဲ့​ပေမယ့် စစ်​ကောင်စီက ထိုင်း ငါးဖမ်းသမား ၄ဦးကို အခုထိဖမ်းထားဆဲဖြစ်ပါတယ်

(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီး မာရစ် ။ ဓါတ်ပုံ- ထိုင်းအစိုးရရုံး)
(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီး မာရစ် ။ ဓါတ်ပုံ- ထိုင်းအစိုးရရုံး)

ထားအိ/People’s Spring

ထိုင်းနိုင်ငံခြားရေး မာရစ်ဟာ လာမယ့်သီတင်းပတ်မှာ နေပြည်တော်ကို သွားရောက်ဖို့ရှိနေပြီး ထိုင်းနိုင်ငံသား ငါးဖမ်းသမား ၄ဦး လွတ်မြောက်ရေးအတွက် ဆွေးနွေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနအရ သိရပါတယ်။

စစ်ကောင်စီဖမ်းဆီးထားတဲ့ ထိုင်းငါးဖမ်းသမား ၄ဦးဟာ ပြည်နှင်ဒဏ်ပေးမယ့်လုပ်ငန်းစဥ်မှာပဲ ရှိနေဆဲဖြစ်တယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ သာနာထစ်က ပြောပါတယ်။

ထိုင်းငါးဖမ်းသမား ၄ဦးဖမ်းဆီးထားမှုနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ပေထုမ်တန်က မြန်မာစစ်ကောင်စီဒုဝန်ကြီးချုပ် နဲ့ ထိုင်းနိုင်ငံဆိုင်ရာ စစ်ကောင်စီရဲ့မြန်မာသံအမတ်တို့နဲ့ ဆက်သွယ်ပြောဆိုမှုပြလုပ်ခဲ့ပြီး ဥပဒေကြောင်းအရလုပ်ငန်းစဥ်များကြောင်း နှောင့်နှေးကြန့်ကြာနေတဲ့အကြောင်းနဲ့ အခြားကိစ္စရပ်မရှိဘူးလို့ မြန်မာစစ်ကောင်စီဘက်က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းငါးဖမ်းသမား ၄ဦးအရေးနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ထိုင်းဝန်ကြီးချုပ်က စစ်ကောင်စီသံအမတ်ကို ပြောဆိုခဲ့ပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်စေလိုတယ်လို့ ပြောကြားခဲ့ကြောင်း ကာကွယ်ရေးဌာနပြောခွင့်ရသာနာထစ်က ပြောပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဟာ သီတင်းနှစ်ပတ်ကြာ စစ်ကောင်စီ ဖမ်းဆီးမှုခံထားရတဲ့ ငါးဖမ်းသမား ၄ဦးလွတ်မြောက်ရေးအတွက် စစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ဒီဇင်ဘာ ၁၉ ရက်မှာ တွေ့ဆုံဖို့ စီစဥ်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ရက်က မြန်မာရေပိုင်နက်ထဲမှာ ထိုင်းငါးဖမ်းစက်လှေတွေကို တွေ့ရှိခဲ့ပြီး ငါးဖမ်းစက်လှေတစ်စင်းကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းငါးဖမ်းစက်လှေပေါ်ပါ ထိုင်းနိုင်ငံသား ၄ဦးနဲ့ မြန်မာနိုင်ငံသား ငါးဖမ်းသမား ၂၇ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံသားတစ်ဦးမှာ စက်လှေပေါ်မှ ခုန်ချသွားပြီး သေဆုံးခဲ့ပါတယ်။

မကြာသေးမီက ဒေသတွင်းသတင်းရင်းမြစ်များအရ ငါးဖမ်းသမားများကို ရနောင်းတဖက်ကမ်းရှိ ကော့သောင်းမြို့မှာ ရွှေ့ပြောင်းထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

အစောပိုင်းက ထိုင်းနိုင်ငံသား ၄ဦးကို ဒီဇင်ဘာ ၆ရက်မှာ ပြန်လွှတ်ပေးမယ်လို့ သတင်း​တွေထွက်​ပေါ်ခဲ့​ပေမယ့် စစ်​ကောင်စီက လွှတ်မ​​ပေးပဲ ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားတာဖြစ်ပါတယ်။

ကိုးကား – ဘန်ကောက်ပို့စ်

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။