Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့တပ်မ(၃၃)က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံများစိုးရိမ်နေ

ပစ်ခတ်သည့် လက်နက်ကြီးများမှာ မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲသည်ကို မသိရသေးပေ။

(စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ကန့်ကွက်ဆန္ဒပြနေသောပြည်သူများအား တပ်မ(၃၃)တပ်သားများက ပစ်ခတ်ဖြိုခွင်းနေစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ကန့်ကွက်ဆန္ဒပြနေသောပြည်သူများအား တပ်မ(၃၃)တပ်သားများက ပစ်ခတ်ဖြိုခွင်းနေစဉ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ​၏ တပ်မ(၃၃)မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံများ စိုးရိမ်နေရကြောင်း သတင်းရရှိသည်။

ယနေ့(ဒီဇင်ဘာ ၁၇ရက်) ည ၈နာရီခန့်တွင် တပ်မ(၃၃)မှ လက်နက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေပြီး လက်နက်ကြီးသံများ ဆူညံနေကြောင်း ဒေသခံများက ပြောသည်။

“တအုန်းအုန်းနဲ့ ရှစ်ချက်လောက်ရှိပြီ။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါပစ်ခတ်သံအား (၁၀)မိုင်ခန့်ဝေးသည့် မန္တလေးမြို့၊ မြစ်ငယ်မြို့နှင့် ပလိပ်မြို့များကပါ အသံများကြားရကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်သည့် လက်နက်ကြီးများမှာ မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲသည်ကို မသိရသေးပေ။

ဒီဇင်ဘာ ၇ရက်ကလည်း စစ်ကိုင်းမြို့အနောက်တောင်ဘက်ရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ တော်လှန်ရေးရဲဘော်တစ်ဦး သတ်ဖြတ်ခံရပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ ၂ဦး သေဆုံးခဲ့သေးသည်။

တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခို​က်နေရာ ဒီဇင်ဘာ ၁၆ ရက်က စစ်ကိုင်းမြို့နယ်၊ ပဒူရွာရဲကင်းစခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့သေးသည်။

ထို့အပြင် ဒီဇင်ဘာ ၈ရက်ကလည်း စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တစ်ခုတွင် အမှတ်(၃)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်ဆိုသူ နေအိမ်သို့ ခေတ္တပြန်ရောက်နေစဥ် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။