Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့တပ်မ(၃၃)က လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံများစိုးရိမ်နေ

ပစ်ခတ်သည့် လက်နက်ကြီးများမှာ မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲသည်ကို မသိရသေးပေ။

(စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ကန့်ကွက်ဆန္ဒပြနေသောပြည်သူများအား တပ်မ(၃၃)တပ်သားများက ပစ်ခတ်ဖြိုခွင်းနေစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့၌ ကန့်ကွက်ဆန္ဒပြနေသောပြည်သူများအား တပ်မ(၃၃)တပ်သားများက ပစ်ခတ်ဖြိုခွင်းနေစဉ်။ ဓာတ်ပုံ - CJ)

ဇေအောင်/People’s Spring

စစ်ကိုင်းမြို့အခြေစိုက် စစ်ကောင်စီ​၏ တပ်မ(၃၃)မှ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်နေ၍ ဒေသခံများ စိုးရိမ်နေရကြောင်း သတင်းရရှိသည်။

ယနေ့(ဒီဇင်ဘာ ၁၇ရက်) ည ၈နာရီခန့်တွင် တပ်မ(၃၃)မှ လက်နက်ကြီးများဖြင့် ဘေးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေပြီး လက်နက်ကြီးသံများ ဆူညံနေကြောင်း ဒေသခံများက ပြောသည်။

“တအုန်းအုန်းနဲ့ ရှစ်ချက်လောက်ရှိပြီ။”ဟု စစ်ကိုင်းမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါပစ်ခတ်သံအား (၁၀)မိုင်ခန့်ဝေးသည့် မန္တလေးမြို့၊ မြစ်ငယ်မြို့နှင့် ပလိပ်မြို့များကပါ အသံများကြားရကြောင်း ဒေသခံအချို့က ပြောသည်။

ပစ်ခတ်သည့် လက်နက်ကြီးများမှာ မည်သည့်နေရာသို့ ကျရောက်ပေါက်ကွဲသည်ကို မသိရသေးပေ။

ဒီဇင်ဘာ ၇ရက်ကလည်း စစ်ကိုင်းမြို့အနောက်တောင်ဘက်ရှိ ကျေးရွာများသို့ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့ရာ တော်လှန်ရေးရဲဘော်တစ်ဦး သတ်ဖြတ်ခံရပြီး လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ ၂ဦး သေဆုံးခဲ့သေးသည်။

တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီတပ်အား ပြန်လည်တိုက်ခို​က်နေရာ ဒီဇင်ဘာ ၁၆ ရက်က စစ်ကိုင်းမြို့နယ်၊ ပဒူရွာရဲကင်းစခန်း ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတစ်ဦးသေဆုံးခဲ့သေးသည်။

ထို့အပြင် ဒီဇင်ဘာ ၈ရက်ကလည်း စစ်ကိုင်းမြို့ပေါ် ရပ်ကွက်တစ်ခုတွင် အမှတ်(၃)ရဲလေ့ကျင့်ရေးသင်တန်းကျောင်းမှ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်ဆိုသူ နေအိမ်သို့ ခေတ္တပြန်ရောက်နေစဥ် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်ဖမ်းဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း Mobye Rescue Team(MRT)က ထုတ်ပြန်သည်။

သတင်း

စစ်​ကောင်စီတပ်ကမနေ့ (ဇန်နဝါရီ ၃ရက်​)ညပိုင်းမှာ စစ်ကိုင်းမြို့နယ်၊မြင်းဆည်ရွာကိုတညလုံးလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၀ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ကနဦးသတင်းရရှိပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ၁၂ ဦး သေဆုံးပြီး တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးသည်။

သတင်း

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် ရခိုင်ရိုးမနေရာအများစုတွင် မြေမြုပ်မိုင်းအများအပြားထောင်ထားကြောင်း ​ဒေသခံအချို့က​ပြောသည်။