Connect with us

Hi, what are you looking for?

News

NUGက ငွေတိုက်စာချုပ် ဒေါ်လာတစ်ဘီလီယံဖိုးထုတ်ရောင်း

ကမ္ဘာ့သမိုင်းတွင် တော်လှန်ရေးအစိုးရက အတိုးမဲ့ငွေတိုက်စာချုပ်များထုတ်ရောင်းခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး စစ်အာဏာရှင်ကို အဆုံးစွန်တော်လှန်မည့် မြန်မာပြည်သူများအတွက် သမိုင်းမော်ကွန်းဖြစ်သည်ဟုNUGက ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီကငွေတိုက်စာချုပ်များထုတ်ရောင်းသော်လည်းဝယ်သူမရှိချိန်တွင်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အတိုးမဲ့ငွေတိုက်ချုပ်များအဖြစ် ဒေါ်လာ တစ်ဘီလီယံဖိုး ရောင်းချမည်ဖြစ်ကြောင်း ယနေ့(အောက်တိုဘာ ၂၇ ရက်) ထုတ်ပြန်သည်။

အဆိုပါငွေတိုက်စာချုပ်များကို နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်ဟု ခေါ်ဆိုပြီး သက်တမ်း(၂)နှစ်ရှိမည်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘာ့သမိုင်းတွင် တော်လှန်ရေးအစိုးရက အတိုးမဲ့ငွေတိုက်စာချုပ်များထုတ်ရောင်းခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်ပြီး စစ်အာဏာရှင်ကို အဆုံးစွန်တော်လှန်မည့် မြန်မာပြည်သူများအတွက် သမိုင်းမော်ကွန်းဖြစ်သည်ဟုNUGက ဖော်ပြထားသည်။

အဆိုပါငွေတိုက်စာချုပ်များကို ဒေါ်လာ ၁၀၀၊၅၀၀၊ ၁ ၀၀၀နှင့် ၅,၀၀၀ တန်စာချုပ်များအဖြစ် နိုဝင်ဘာလဆန်းတွင် ရောင်းချမည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဦးတင်ထွန်းနိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

ထိုငွေတိုက်စာချုပ်များကို နိုင်ငံခြားဘဏ်စာရင်းများဖြင့်သာ ဝယ်ယူနိုင်မည်ဖြစ်ပြီး ပြည်တွင်းဘဏ်များကတစ်ဆင့်ဝယ်ယူနိုင်မည် မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။

NUG၏ ငွေတိုက်စာချုပ်များသည် စီးပွားရေးအကျိုး အမြတ်ထက် တော်လှန်ရေးတွန်အားပေါ်မူတည်နေပြီး စိတ်ခံစားချက်ဖြင့် ဝယ်ယူကြမည်ဖြစ်ကြောင်း စီးပွား ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“အတိုးလိုချင်တာထက် လူထုက တော်လှန်ရေးဆိုတဲ့ စိတ်နဲ့ပဲဝယ်ကြမှာပါ။ဝယ်ပြီးတော့ ငွေပြန်မယူဘဲ စာချုပ် ကို သိမ်းထားမယ့်သူတွေလဲရှိလာမှာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ငွေတိုက်စာချုပ်ဆိုသည် အစိုးရတစ်ရပ်အတွက် ဘတ်ဂျတ်လိုငွေကို အများပြည်သူထံမှချေးငွေရယူခြင်းဖြစ်သည်။ ထိုချေးငွေအတွက် အစိုးရက နှစ်အလိုက် အတိုးသတ်မှတ်ပေးထားသော ကတိကဝတ်စာချုပ်များထုတ်ပေးခြင်းကို ငွေတိုက်စာချုပ်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် ငွေတိုက်စာချုပ်များကို ငွေတိုက်ဦးစီးဌာနအစား ဗဟိုဘဏ်က ဘဏ်များကို ထုတ်ရောင်းပေးလေ့ရှိသည်။ အရပ်သားအစိုးရလက်ထက်တွင် ငွေတိုက်စာချုပ်များကို သက်တမ်း နှစ်နှစ်နှင့် သက်တမ်း လေးနှစ်ခုဟူ၍ နှစ်မျိုးရောင်းချခဲ့ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ၇ ဒသမ ၂၅ နှင့် ၇ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအနေဖြင့် ၂၀၂၁ဖေဖော်ဝါရီ ၁၈ရက် ငွေတိုက်စာချုပ် ကျပ် ဘီလီယံ ၂၀၀ဖိုးကိုလေလံစနစ်ဖြင့် အကြမ်းဖက်စစ်ကောင်စီက ထုတ်ရောင်းခဲ့သည်။ သို့သော်လည်း လေလံပွဲရလာဒ်များ ထုတ်ပြန်ရာတွင် ကျပ်၁ ဒသမ ၇ ဘီလီယံသာ ရောင်းချနိုင်ခဲ့သည်ဟု ငွေတိုက်ဦးစီးဌာနက ထုတ် ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီက ငွေတိုက်စာချုပ်များအနက် (၂)နှစ်သက်တမ်းရှိသည့် ငွေတိုက်စာချုပ်ကို အတိုးနှုန်း ၈ဒသမ ၇၅ ရာခိုင်နှုန်းပေးမည်ဟု ထုတ်ပြန်ထားသည်။ သို့သော် စစ်ကောင်စီက ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များကို ဝယ်ယူသူမရှိဟု ဘဏ်အသိုင်းအဝိုင်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook