Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး တောင်းဆို

အာဆီယံနိုင်ငံခြားဝန်ကြီးတွေရဲ့ အဓိကစိုးရိမ်ပူပန်မှုမှာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနဲ့ တိုးတက်မှုတို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

(ဒီဇင်ဘာ ၂၀ရက်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခြားဝန်ကြီးအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Vivian Balakrishnan/FB)
(ဒီဇင်ဘာ ၂၀ရက်မှာ ကျင်းပပြုလုပ်တဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခြားဝန်ကြီးအချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - Vivian Balakrishnan/FB)

▪️ထိုင်းမှာကျင်းပနေတဲ့ ဒုတိယနေ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်မပြု

အီယိုရီ/People’s Spring

အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘလာခရစ်ရှ်နန်က ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်တပ်လေးစားလိုက်နာရမယ့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ရပ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။

“စစ်အာဏာသိမ်းပြီး ၄နှစ်နီးပါးအချိန်အထိ မြန်မာနိုင်ငံအခြေအနေက ဆက်လက်ဆိုးရွားနေဆဲပါ။ မြန်မာပြည်သူတွေဟာ လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခကြောင့် အလွန်ကြီးမားလှတဲ့ ခက်ခဲမှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်”လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်နီးချင်း ၆နိုင်ငံ(တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ)ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပေးပေမယ့် ဒီနေ့ ကျင်းပတဲ့ အာဆီယံအဆင့် နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တဲ့ဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့် မပေးပါဘူး။

ဒီနေ့ အာဆီယံအဆင့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ အိမ်ရှင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၊ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံ လာအိုနိုင်ငံခြားရေးဝန်ကြီး၊ လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဌနိုင်ငံ မလေးရှားနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးတို့ တက်ရောက်ကြပါတယ်။

အာဆီယံနိုင်ငံခြားဝန်ကြီးတွေရဲ့ အဓိကစိုးရိမ်ပူပန်မှုမှာ မြန်မာပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောမှုနဲ့ တိုးတက်မှုတို့ ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

အထူးသဖြင့် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုကို ချက်ချင်းရပ်တန့်ရမယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ထပ်လောင်းတောင်းဆိုပါတယ်။

မနေ့က အိမ်နီးချင်း ၆နိုင်ငံဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးက လာမယ့်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ့်အကြောင်း အဓိက တင်ပြဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး "FREE HER" ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။