Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို လက်လွှဲပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် တောင်းဆို

ခိုလှုံခွင့် ပြုထားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲပေးဖို့ အိန္ဒိယ အစိုးရကို ဘင်္ဂလားဒေ့ရှ်က တောင်းဆိုလိုက်ပါတယ်။

ခိုလှုံခွင့် ပြုထားတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို လက်လွှဲပေးဖို့ အိန္ဒိယ အစိုးရကို ဘင်္ဂလားဒေ့ရှ်က တောင်းဆိုလိုက်ပါတယ်။

ဟာဆီနာဟာ ပြည်တွင်းမှာ တက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြ အုံကြွမှုတွေကြောင့် ဩဂုတ်လတုန်းက အိန္ဒိယကို ထွက်ပြေး တိမ်းရှောင်သွားခဲ့တာပါ။ အဲဒီနောက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ကို တာဝန်ယူ အုပ်ချုပ်နေတဲ့ ယာယီ အစိုးရက ဟာဆီနာကို ပြန်လွှဲပေးဖို့ အိမ်နီးချင်း နိုင်ငံကို တောင်းဆိုလိုက်ခြင်း ဖြစ်ပါတယ်။

ဟာဆီနာကို တရားရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အလိုရှိနေကြောင်း ယာယီ အစိုးရရဲ့ ပြည်ထဲရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အာရှတောင်ပိုင်း ဒေသတွင်း အိမ်နီးချင်း နှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ထိတွေ့ ဆက်ဆံမှုတွေ ကောင်းမွန်ခဲ့ပေမယ့်လည်း ဟာဆီနာ ကိစ္စကို အကြောင်းပြုပြီး လတ်တလောမှာ တင်းမာမှုတချို့ ဖြစ်ပေါ်နေပါတယ်။ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီ ဦးဆောင်တဲ့ အိန္ဒိယ အစိုးရကလည်း ဟာဆီနာကို လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရဆီ လက်လွှဲပေးဖို့ ငြင်းဆိုထားဆဲပါ။

Public Service Announcement

Public Service Announcement

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးက ဘင်္ဂလားဒေ့ရှ်ရဲ့ မြို့တော် ဒါကာဆီ သွားရောက်ခဲ့ပြီး နှစ်ပတ်အကြာမှာ ဘင်္ဂလားဒေ့ရှ်ဖက်က အခုလို တောင်းဆိုလာတာ ဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်တုန်းက နှစ်နိုင်ငံကြား အမြင်မကြည်မှုတွေကို ရှင်းလင်းပြီး အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ထူထောင်ဖို့ ရည်ရွယ်ထားကြောင်း ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရက ဟာဆီနာ အစိုးရ ပြုတ်မကျခင် ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းပြီး ပြည်သူတွေ သေဆုံးခဲ့တဲ့ ဖြစ်စဉ်မှာ ဟာဆီနာက တာဝန်ရှိတယ်လို့ စွပ်စွဲပြီး တရားရေးအရ ကိုင်တွယ်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ တူဟစ်ဒ် ဟိုစိန်က ဟာဆီနာကို တရားရေး ကိစ္စတွေအတွက် ဘင်္ဂလားဒေ့ရှ် အလိုရှိနေတယ်ဆိုတာ အိန္ဒိယ အစိုးရဆီ တိတိကျကျ အသိပေးထားပြီးပြီလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ တရားစီရင်ရေး ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကိုတော့ သူက အကျယ်တဝင့် မဆွေးနွေးခဲ့ပါဘူး။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဟာဆီနာရဲ့ သားဖြစ်သူ ဆာဂျိဘ် ဝါဇက်တို့က အခုအခြေအနေတွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးဘဲ နှုတ်ဆိတ်နေပါတယ်။ ဟာဆီနာ ကိုယ်တိုင်ကတော့ ရာထူးကနေ နုတ်ထွက်ရပြီး အိန္ဒိယကို ရောက်နေကတည်းက လူမြင်ကွင်းကနေ ရှောင်ပုန်းပြီး သိုသိုသိပ်သိပ် နေထိုင်နေဆဲ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာတော့ ဟာဆီနာဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အာဏာပိုင်တွေ အင်အားသုံး ဖြိုခွင်းခဲ့ခြင်းတွေနဲ့ ပတ်သက်လို့ လူသတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက်တွေကို ရင်ဆိုင်နေရပြီး အစောပိုင်းမှာတော့ သူက ဘာအပြစ်မှ မရှိဘူးလို့ ခုခံငြင်းဆိုထားပါတယ်။

အိန္ဒိယက ဟာဆီနာကို လက်ခံထားတာဟာ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အကြောင်းရင်းမျိုးကြောင့်လို့ ထုတ်ပြန်ခဲ့ပေမယ့် အသေးစိတ်ကိုတော့ ရှင်းပြခဲ့ခြင်း မရှိခဲ့ပါဘူး။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံရဲ့ animation လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံတစ်ခုမှာ အကြီးအကျယ် မီးလောင်လို့ သင်တန်းသား လူငယ် အများစု အပါအဝင် ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံမှာ ဉာဏ်ရည်တု နည်းပညာ (AI)ကို လေ့ကျင့်ပေးတဲ့ အလုပ်က ပိုမိုကျယ်ပြန့်လာနေပါတယ်။ နောင်တစ်ချိန်မှာ AIဟာ သူတို့ရဲ့ အလုပ်နေရာတွေကို အစားထိုး ယူသွားမလား ဆိုတာကို စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း AI လေ့ကျင့်ရေး ဝန်ထမ်းတွေကတော့ အဲဒီ နည်းပညာသစ်ကို နည်းလမ်းမျိုးစုံနဲ့ လေ့ကျင့်...