Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ စမ်းသပ်အဆင့် မျိုးဆက်သစ် တိုက်လေယာဉ်နှစ်စီး ပျံသန်းနေတဲ့ ဓာတ်ပုံ ထွက်ပေါ်လာ

တရုတ်စစ်တပ်ရဲ့ စမ်းသပ်အဆင့် မျိုးဆက်သစ် တိုက်လေယာဉ်နှစ်စီး ပျံသန်းနေတဲ့ ဓာတ်ပုံတစ်ခု ထွက်ပေါ်လာပြီး အဲဒီ လေယာဉ်တွေဟာ ပဟေဠိဆန်တဲ့ ခေတ်ရှေ့ပြေး အမျိုးအစားသစ်တွေ ဖြစ်နိုင်ကြောင်း လက်နက်ရေးရာ ပါရဂူတွေက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

တရုတ်စစ်တပ်ရဲ့ စမ်းသပ်အဆင့် မျိုးဆက်သစ် တိုက်လေယာဉ်နှစ်စီး ပျံသန်းနေတဲ့ ဓာတ်ပုံတစ်ခု ထွက်ပေါ်လာပြီး အဲဒီ လေယာဉ်တွေဟာ ပဟေဠိဆန်တဲ့ ခေတ်ရှေ့ပြေး အမျိုးအစားသစ်တွေ ဖြစ်နိုင်ကြောင်း လက်နက်ရေးရာ ပါရဂူတွေက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ချန်ဒူဒေသ ကောင်းကင်ယံမှာ ပျံသန်းနေကြတဲ့ တိုက်လေယာဉ် နှစ်စီးကို အောက်ဖက်ကနေ ရိုက်ထားတဲ့ ခပ်ဝါးဝါး ဓာတ်ပုံဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ လူမှုကွန်ရက်ပေါ် စတင်ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

လေယာဉ် နှစ်စီးစလုံးဟာ သီးသန့် အမြီးပိုင်း မရှိဘဲ တစ်စီးကတော့ စိန်ပွင့်ဆန်ဆန် သုံးမြှောင့်ပုံ ဒီဇိုင်းမျိုး ဖြစ်နေပြီး အင်ဂျင် လေဝင်ပေါက် ၃ ခု ပါရှိနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အမြီးပိုင်းမပါတဲ့အတွက် အဲဒီ တိုက်လေယာဉ်တွေဟာ ဒေါင်လိုက် တည့်တည့်မတ်မတ် ပျံသန်းမှုတွေကို လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။ တစ်ဖက်မှာတော့ ကွေ့ဝိုက်ပျံသန်းပြီး စစ်ကစားနိုင်တဲ့ စွမ်းရည်မှာ သိသိသာသာ တိုးတက်သွားလေ့ ရှိပါတယ်။ အဲဒီလို လေယာဉ် အမျိုးအစားတွေရဲ့ တည့်တည့်မတ်မတ် တည်တည်ငြိမ်ငြိမ် ပျံသန်းမှုကို ကွန်ပျူတာ စနစ်တွေက ကူညီ ထိန်းချုပ်ပေးရလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်တွေထဲမှာ စိန်ပွင့်ဆန်ဆန် ကိုယ်ထည် ဒီဇိုင်းနဲ့ တစ်စီးက နည်းနည်းပိုကြီးသလို သမားရိုးကျ လေယာဉ် တည်ဆောက်မှု ပုံစံတွေကနေ အရမ်းကွဲထွက်နေတယ်လို့ စစ်လက်နက်ရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နောက်တစ်စီးကတော့ ရှိရင်းစွဲ တိုက်လေယာဉ် ဒီဇိုင်းတွေနဲ့ ပိုတူပေမယ့် အမြီးပိုင်း ပါမလာခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် နှစ်စီးစလုံးဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ထိထိရောက်ရောက် လျှော့ချနိုင်တဲ့ ကိုယ်ပျောက် စွမ်းဆောင်ရည် ပေါင်းစပ်ထားတဲ့ ကိုယ်ထည် ထောင့်ချိုး ဒီဇိုင်းတွေနဲ့ တည်ဆောက်ထားမှန်း သိသာစွာ တွေ့နေရကြောင်းလည်း ပညာရှင်တွေက ပြောပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မျိုးဆက်သစ် တိုက်လေယာဉ် နှစ်စီးကို လက်တွေ့ စမ်းသပ် ပျံသန်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်တွေအတွင်း စစ်လက်နက် နည်းပညာတွေ မြှင့်တင်မှုကို အင်တိုက်အားတိုက် ကြိုးစား အကောင်အထည် ဖော်နေခဲ့ပါတယ်။

ကိုယ်ပျောက် နည်းပညာ ပါဝင်တဲ့ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေထဲမှာ အစွမ်းအထက်ဆုံး အမျိုးအစားတွေလို့ သတ်မှတ် ခံထားရတဲ့ F-22နဲ့ F-35တို့ကို အမေရိကန်က ဖန်တီး ထုတ်လုပ်ထားပါတယ်။ တရုတ်မှာတော့ ပဉ္စမမျိုးဆက် ပြည်တွင်းဖြစ် တိုက်လေယာဉ်တွေအဖြစ် J-20တွေကို အသုံးပြုနေပြီး အခုနှစ်ထဲမှာတော့ J-35ဆိုတဲ့ ဒီဇိုင်းသစ် နောက်ထပ် တိုက်လေယာဉ်ကိုပါ မိတ်ဆက်ပြသထားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အပါအဝင် နယ်စပ်တကြောကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ စက်တင်ဘာ ၂၄ရက်နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ကင်းထောက်မှု ဆက်လက်ပြုလုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

ဝါရှင်တန်ဒီစီကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လေဆိပ်ထိ ဆင်းပြီး ကြိုဆိုခဲ့ပါတယ်။

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook