Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ စမ်းသပ်အဆင့် မျိုးဆက်သစ် တိုက်လေယာဉ်နှစ်စီး ပျံသန်းနေတဲ့ ဓာတ်ပုံ ထွက်ပေါ်လာ

တရုတ်စစ်တပ်ရဲ့ စမ်းသပ်အဆင့် မျိုးဆက်သစ် တိုက်လေယာဉ်နှစ်စီး ပျံသန်းနေတဲ့ ဓာတ်ပုံတစ်ခု ထွက်ပေါ်လာပြီး အဲဒီ လေယာဉ်တွေဟာ ပဟေဠိဆန်တဲ့ ခေတ်ရှေ့ပြေး အမျိုးအစားသစ်တွေ ဖြစ်နိုင်ကြောင်း လက်နက်ရေးရာ ပါရဂူတွေက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

တရုတ်စစ်တပ်ရဲ့ စမ်းသပ်အဆင့် မျိုးဆက်သစ် တိုက်လေယာဉ်နှစ်စီး ပျံသန်းနေတဲ့ ဓာတ်ပုံတစ်ခု ထွက်ပေါ်လာပြီး အဲဒီ လေယာဉ်တွေဟာ ပဟေဠိဆန်တဲ့ ခေတ်ရှေ့ပြေး အမျိုးအစားသစ်တွေ ဖြစ်နိုင်ကြောင်း လက်နက်ရေးရာ ပါရဂူတွေက မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

ချန်ဒူဒေသ ကောင်းကင်ယံမှာ ပျံသန်းနေကြတဲ့ တိုက်လေယာဉ် နှစ်စီးကို အောက်ဖက်ကနေ ရိုက်ထားတဲ့ ခပ်ဝါးဝါး ဓာတ်ပုံဟာ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ လူမှုကွန်ရက်ပေါ် စတင်ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

လေယာဉ် နှစ်စီးစလုံးဟာ သီးသန့် အမြီးပိုင်း မရှိဘဲ တစ်စီးကတော့ စိန်ပွင့်ဆန်ဆန် သုံးမြှောင့်ပုံ ဒီဇိုင်းမျိုး ဖြစ်နေပြီး အင်ဂျင် လေဝင်ပေါက် ၃ ခု ပါရှိနေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အမြီးပိုင်းမပါတဲ့အတွက် အဲဒီ တိုက်လေယာဉ်တွေဟာ ဒေါင်လိုက် တည့်တည့်မတ်မတ် ပျံသန်းမှုတွေကို လုပ်ဆောင်နိုင်စွမ်း မရှိပါဘူး။ တစ်ဖက်မှာတော့ ကွေ့ဝိုက်ပျံသန်းပြီး စစ်ကစားနိုင်တဲ့ စွမ်းရည်မှာ သိသိသာသာ တိုးတက်သွားလေ့ ရှိပါတယ်။ အဲဒီလို လေယာဉ် အမျိုးအစားတွေရဲ့ တည့်တည့်မတ်မတ် တည်တည်ငြိမ်ငြိမ် ပျံသန်းမှုကို ကွန်ပျူတာ စနစ်တွေက ကူညီ ထိန်းချုပ်ပေးရလေ့ ရှိပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်တွေထဲမှာ စိန်ပွင့်ဆန်ဆန် ကိုယ်ထည် ဒီဇိုင်းနဲ့ တစ်စီးက နည်းနည်းပိုကြီးသလို သမားရိုးကျ လေယာဉ် တည်ဆောက်မှု ပုံစံတွေကနေ အရမ်းကွဲထွက်နေတယ်လို့ စစ်လက်နက်ရေးရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ နောက်တစ်စီးကတော့ ရှိရင်းစွဲ တိုက်လေယာဉ် ဒီဇိုင်းတွေနဲ့ ပိုတူပေမယ့် အမြီးပိုင်း ပါမလာခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် နှစ်စီးစလုံးဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ထိထိရောက်ရောက် လျှော့ချနိုင်တဲ့ ကိုယ်ပျောက် စွမ်းဆောင်ရည် ပေါင်းစပ်ထားတဲ့ ကိုယ်ထည် ထောင့်ချိုး ဒီဇိုင်းတွေနဲ့ တည်ဆောက်ထားမှန်း သိသာစွာ တွေ့နေရကြောင်းလည်း ပညာရှင်တွေက ပြောပါတယ်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မျိုးဆက်သစ် တိုက်လေယာဉ် နှစ်စီးကို လက်တွေ့ စမ်းသပ် ပျံသန်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တရုတ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်တွေအတွင်း စစ်လက်နက် နည်းပညာတွေ မြှင့်တင်မှုကို အင်တိုက်အားတိုက် ကြိုးစား အကောင်အထည် ဖော်နေခဲ့ပါတယ်။

ကိုယ်ပျောက် နည်းပညာ ပါဝင်တဲ့ ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်တွေထဲမှာ အစွမ်းအထက်ဆုံး အမျိုးအစားတွေလို့ သတ်မှတ် ခံထားရတဲ့ F-22နဲ့ F-35တို့ကို အမေရိကန်က ဖန်တီး ထုတ်လုပ်ထားပါတယ်။ တရုတ်မှာတော့ ပဉ္စမမျိုးဆက် ပြည်တွင်းဖြစ် တိုက်လေယာဉ်တွေအဖြစ် J-20တွေကို အသုံးပြုနေပြီး အခုနှစ်ထဲမှာတော့ J-35ဆိုတဲ့ ဒီဇိုင်းသစ် နောက်ထပ် တိုက်လေယာဉ်ကိုပါ မိတ်ဆက်ပြသထားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

သတင်း

တရုတ်အပါအဝင် ဒေသတွင်း ၆နိုင်ငံက ဆက်သွယ်ရေးလိမ်လည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့(ဇန်နဝါရီ ၂၁ရက်)တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီနှင့် ကိုးကန့်တပ် (MNDAA)အပစ်ရပ်ပြီးနောက် လောက်ကိုင်နှင့် ချင်းရွှေဟော်နယ်စပ်ဂိတ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ MNDAA ထိန်းချုပ်ဒေသမှ နယ်စပ်ဂိတ်များအား တရုတ်ဘက်ကပြန်ဖွင့်လှစ်ပေးလိုက်ပြီး ဝ ဒေသမှ ကုန်စည်တင်သွင်းခွင့်ပြုလိုက်သည်။

သတင်း

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်မတော်(MNDAA)နဲ့ စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နဲ့ ဖိလစ်ပိုင်ကြား ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ တောင်တရုတ် ပင်လယ် ရေပြင်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင် ရေတပ်တွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရပါတယ်။