Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ပျူစောထီးခေါင်းဆောင်ဝင်းကိုနှင့်အဖွဲ့တိုက်ခိုက်ခံရ၍ သေနတ်များထား ထွက်ပြေး

ပျူစောထီးများထွက်ပြေးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ပြောင်းချော ၂လက် ၊ တူမီး တစ်လက် အပါအဝင် သေနတ် ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

(တောင်သာမြို့နယ် ပျူစောထီးဝင်းကိုနှင့်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်များကို တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သာမြို့နယ် ပကဖ)
(တောင်သာမြို့နယ် ပျူစောထီးဝင်းကိုနှင့်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်များကို တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သာမြို့နယ် ပကဖ)

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဝင်းကိုနှင့်အဖွဲ့အားတိုက်ခိုက်ရာသေနတ်များထား ထွက်ပြေးသွားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပြောသည်။

ဒီဇင်ဘာ ၃၀ရက် နံနက် ၅နာရီခွဲခန့်တွင် တောင်သာမြို့နယ် မြင်ခြံ – ညောင်ဦးလမ်းပိုင်းဘေး ဆင်ဖြုကျေးရွာရှိ စစ်ကောင်စီခန့်ပျူစောထီးခေါင်းဆောင် ဝင်းကိုနှင့်အဖွဲ့အား တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ပျူစောထီးများထွက်ပြေးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ပြောင်းချော ၂လက် ၊ တူမီး တစ်လက် အပါအဝင် သေနတ် ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဝင်းကို ဦးဆောင်တဲ့ပျူစောထီး ၁၀ဦးလောက်ရှိတယ်။အကုန်ထွက်ပြေးသွားတယ်။သူတို့နေတဲ့ နေရာနဲ့ စီးတဲ့ကားတွေအကုန် လုံးလည်း ရှင်းလင်းနိုင်ခဲ့တယ်”ဟု တောင်သာပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝင်ရောက်တိုက်ခိုက်မှုကို တောင်သာ ပကဖ နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Burmese Guerrilla Force -Myingyan (BGF)၊ ညောင်ဦး ပကဖ ၊ ညောင်ခရိုင်အမှတ် (၅)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။

တော်လှန်ရေးအဖွဲ့များအနေဖြင့် နေရာတိုင်းတွင် စစ်ရေးဖော်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာနေထိုင်ရန် ၊ မလိုအပ်ဘဲ ခရီးသွားခြင်းမပြုကြရန် နှင့် အိမ်စီးကားများ မှန်ချမောင်းနှင်ပေးရန်လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းသည်။

ဒီဇင်ဘာ ၂၉ရက်ကလည်း တောင်သာမြို့နယ် အေးရွာတွင် လက်ဖက်ရည်ထိုင်သောက်နေသည့် လေတပ်မှ ဗိုလ်ကြီး ကြည်ဖေလင်းနှင့် ၎င်း၏ တပည့်ဖြစ်သူတို့အား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၏ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ပစ်ခတ်ရှင်းလင်းခဲ့သည်။

တောင်သာမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီး စစ်ကောင်စီတပ်​၏ လုံခြုံရေးကင်းဘူခန်းရှိပြီး အဲဒီကင်းစခန်း၌ တာဝန်ကျနေသည့်လေတပ်ဗိုလ်ကြီးနှင့် ဒုအရာခံဗိုလ်တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။