Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီလေကြောင်းတိုက်ခို​က်၍ အမျိုးသမီးတစ်ဦးသေ​ဆုံး၊ ငါးဦဒဏ်ရာရ

လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၀)ကျော် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးဂျာနယ်)
(လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်တစ်လုံးအား တွေ့ရစဥ်။ဓာတ်ပုံ-နွားထိုးကြီးဂျာနယ်)

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် ၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဒေသခံပြည်သူငါးဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ ၁၀ရက် ညနေ ၅နာရီခန့်က မြင်းခြံခရိုင်၊တောင်သာမြို့နယ်၊မိုးနှောင်းကင်းကျေးရွာသို့ စစ်ကောင်စီတ​ပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်ခဲ့ခြငိး ဖြစ်သည်။

“တိုက်ပွဲမရှိဘဲ ဗုံးကြဲချသွားတာ။ ဒီရွာက ကာကွယ်ရေးရဲဘော်တွေ အခြေပြုတဲ့ရွာလည်းမဟုတ်ဘူး​”ဟု တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လေကြောင်းတိုက်ခိုက်မှုကြောင့် (၅၀)ကျော် အရွယ် အမျိုးသမီးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အမျိုးသမီး နှစ်ဦး၊ အမျိုးသား နှစ်ဦး၊ ကလေးတစ်ဦးထိခိုက်ဒဏ်ရာရတယ်။ ပြည်သူတွေကတော့ ရွာက ရှောင်နေကြတယ်။ ထိခိုက်တဲ့အထဲကိုယ်ဝန်သည်အမျိုးသမီး တစ်ယောက်ပါတယ်။”ဟု တောင်သာနယ်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် ကျေးရွာရှိ ပြည်သူများမှာလည်း ထပ်မံလေကြောင်းတိုက်ခို​က်ခံရမည်စိုးရိမ်၍ ဘေးလွတ်ရာ တိမ်းရှောင်နေရသည်။

ထို့အပြင် ဆိတ်နှင့်နွားများလည်း ထိခိုက်သေဆုံးပြီး နေအိမ် ၁၀လုံးလည်းပျက်စီးကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် မြင်းခြံခရိုင်အတွင်း တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး ယခုဒီဇင်ဘာပထမပတ်အတွင်း နွားထိုးကြီးမြို့နယ်မှ ဒေသခံပြည်သူ ၁၁ဦး၊ ငါန်းဇွန်မြို့နယ်မှ တော်လှန်ရေးရဲဘော် နှစ်ဦး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်