Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ပျူစောထီးခေါင်းဆောင်ဝင်းကိုနှင့်အဖွဲ့တိုက်ခိုက်ခံရ၍ သေနတ်များထား ထွက်ပြေး

ပျူစောထီးများထွက်ပြေးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ပြောင်းချော ၂လက် ၊ တူမီး တစ်လက် အပါအဝင် သေနတ် ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

(တောင်သာမြို့နယ် ပျူစောထီးဝင်းကိုနှင့်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်များကို တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သာမြို့နယ် ပကဖ)
(တောင်သာမြို့နယ် ပျူစောထီးဝင်းကိုနှင့်အဖွဲ့ထံမှ သိမ်းဆည်းရရှိသော လက်နက်များကို တွေ့ရစဥ်။ ဓာတ်ပုံ - တောင်သာမြို့နယ် ပကဖ)

ရဲခေါင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဝင်းကိုနှင့်အဖွဲ့အားတိုက်ခိုက်ရာသေနတ်များထား ထွက်ပြေးသွားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ပြောသည်။

ဒီဇင်ဘာ ၃၀ရက် နံနက် ၅နာရီခွဲခန့်တွင် တောင်သာမြို့နယ် မြင်ခြံ – ညောင်ဦးလမ်းပိုင်းဘေး ဆင်ဖြုကျေးရွာရှိ စစ်ကောင်စီခန့်ပျူစောထီးခေါင်းဆောင် ဝင်းကိုနှင့်အဖွဲ့အား တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ပျူစောထီးများထွက်ပြေးသွားပြီး ၎င်းတို့ကိုင်ဆောင်သော ပြောင်းချော ၂လက် ၊ တူမီး တစ်လက် အပါအဝင် သေနတ် ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ဝင်းကို ဦးဆောင်တဲ့ပျူစောထီး ၁၀ဦးလောက်ရှိတယ်။အကုန်ထွက်ပြေးသွားတယ်။သူတို့နေတဲ့ နေရာနဲ့ စီးတဲ့ကားတွေအကုန် လုံးလည်း ရှင်းလင်းနိုင်ခဲ့တယ်”ဟု တောင်သာပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝင်ရောက်တိုက်ခိုက်မှုကို တောင်သာ ပကဖ နှင့်အတူ မဟာမိတ်အဖွဲ့များဖြစ်သော Burmese Guerrilla Force -Myingyan (BGF)၊ ညောင်ဦး ပကဖ ၊ ညောင်ခရိုင်အမှတ် (၅)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။

တော်လှန်ရေးအဖွဲ့များအနေဖြင့် နေရာတိုင်းတွင် စစ်ရေးဖော်ဆောင်မည်ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့် ဝေးရာနေထိုင်ရန် ၊ မလိုအပ်ဘဲ ခရီးသွားခြင်းမပြုကြရန် နှင့် အိမ်စီးကားများ မှန်ချမောင်းနှင်ပေးရန်လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းသည်။

ဒီဇင်ဘာ ၂၉ရက်ကလည်း တောင်သာမြို့နယ် အေးရွာတွင် လက်ဖက်ရည်ထိုင်သောက်နေသည့် လေတပ်မှ ဗိုလ်ကြီး ကြည်ဖေလင်းနှင့် ၎င်း၏ တပည့်ဖြစ်သူတို့အား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA၏ အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က ပစ်ခတ်ရှင်းလင်းခဲ့သည်။

တောင်သာမြို့နယ်က ဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအနီး စစ်ကောင်စီတပ်​၏ လုံခြုံရေးကင်းဘူခန်းရှိပြီး အဲဒီကင်းစခန်း၌ တာဝန်ကျနေသည့်လေတပ်ဗိုလ်ကြီးနှင့် ဒုအရာခံဗိုလ်တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်း ရိက္ခာပို့သည့် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ရာ သေဆုံးထိခိုက်မှုရှိကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တိုက်ခိုက်​ရေးတပ် CHU PDFမှ တာဝန်ရှိသူက ပြောသည်။

သတင်း

ခင်ဦးမြို့နယ်၊ပျဥ်ထောင်ကျေးရွာက ပျူစောထီးတွေက ရွှေကူတဲစုကျေးရွာက အလှူပြုလုပ်နေတဲ့ နေအိမ်ကိုရိက္ခာတွေယူဆောင်ပြီး မီးရှို့ဖျက်ဆီးသွားတာမို့ အလှူအိမ်အပါအဝင် နေအိမ် ၈လုံးမီးလောင်ပျက်စီးခဲ့တယ်လို့ဒေသခံတွေဆီကသိရပါတယ်။

သတင်း

ဧရာဝတီတိုင်း၌ တစ်နှစ်ကျော်ကြာပိတ်သိမ်းထားသည့် မြို့အဝင်၊အထွက်စစ်ဆေး ရေးဂိတ်များကို ယခု ဇန်နဝါရီလဆန်းကစ၍ စစ်ကောင်စီကပြန်ဖွင့်ထားပြီး ပျူစောထီးနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များဖြင့် စစ်ဆေးမှုများပြုလုပ်နေသည်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့မှ ပျူစောထီးအားကောင်းရာ ကနီကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myaing Supporting Battalion တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။