Connect with us

Hi, what are you looking for?

သတင်း

NUG လွတ်ငြိမ်းဖြင့် က​လေးမြို့နယ်မှ အကျဥ်းသား ၂၀ ဦး လွတ်​ငြိမ်းခွင့်ရ

လွတ်ငြိမ်း ချမ်းသာခွင့်တွင်မပါဝင်သည့် အကျဉ်းသား၃၀ဦးရှိပြီး ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်မှ(၃)ပုံ(၁)ပုံထုတ်နှုတ် လျော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။

ဓါတ်ပုံ-KTPP
ဓါတ်ပုံ-KTPP

ကဖေး/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်ငြိမ်းသက်သာခွင့်တွင် ကလေးမြို့နယ်မှ အကျဉ်းသား၂ဝဦး လွတ်ငြိမ်းခွင့်​ပေးခဲ့ပြီး လူသတ်မှုအပါအဝင် အမှုကြီးများကျူးလွန်သူ ၃၀ ဦးကို ဆက်လက်ထိန်းသိမ်းထားသည်။

ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ယာယီသမ္မတ၏ အမိန့်အရ ကလေးမြို့နယ်ရှိ အကျဉ်းထောင်/အချုပ်ခန်းများတွင် ချုပ်နှောင်ထားရှိသည့် စည်းကမ်းသတ်မှတ်ချက်နှင့်ကိုက်ညီသည့် အကျဉ်းသား/သူ ၂၀ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ကဇန်နဝါရီလ ၂ရက်၌ သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ-KTPP
ဓါတ်ပုံ-KTPP

ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)ယာယီကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်မှ သတ်မှတ် ချက်နှင့် ကိုက်ညီသည့် မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)မှုဖြင့် ထောင်ဒဏ်(၂)နှစ်ပြစ်ဒဏ်ချခံထား ရသည့် အမျိုးသား ခြောက်ဦး၊ အမျိုးသမီးခြောက်ဦး၊ မူးယစ်ဆေးဝါးပုဒ်မဖြင့် ၁၆(ဂ)ဖြင့်ပြစ်ဒဏ်ချခံထား ရသည့် အမျိုးသားခုနစ်ဦး၊အမျိုးသီးတစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်ဟုသတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လွတ်ငြိမ်း ချမ်းသာခွင့်တွင်မပါဝင်သည့် အကျဉ်းသား၃၀ဦးရှိပြီး ၎င်းတို့ကျခံနေရသည့် ပြစ်ဒဏ်မှ(၃)ပုံ(၁)ပုံထုတ်နှုတ် လျော့ပေါ့ခံစားခွင့်ပြုခဲ့ကြောင်းထုတ်ပြန်သည်။

“လူသတ်မှု၊ မုဒိမ်းမှု ကျူးလွန်သူတွေ လွတ်တဲ့အထဲမပါဘူး။ ပြစ်ဒဏ်လျှော့တဲ့အထဲတော့ပါတယ်” ဟုကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိန်းချုပ်နယ်မြေများရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင်ပြစ်ဒဏ်ကျခံလျက်ရှိသည့်အကျဉ်းသား၁၆၉ ဦးအား လွတ်ငြိမ်းပေးပြီး ကျန်အကျဉ်းသားများအား ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေသည့်လွတ်ငြိမ်း သက်သာခွင့် ပြုလိုက်‌ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဇန်နဝါရီလက ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။