Connect with us

Hi, what are you looking for?

သတင်း

ငဖဲမြို့တွင် စစ်ကောင်စီယာဥ်တန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်သားတစ်ဦးသေပြီး ခြောက်ဦးဒဏ်ရာရ

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ယာဥ်တန်းသည် စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်းထွက်လာရာ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ပူးပေါင်းစစ်ဆင်ရေးမှ တော်လှန်ရေးရဲဘော်အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - WOLF

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စစ်ကောင်စီတပ်ယာဥ်တန်းသည် စေတုတ္တရာမြို့နယ်ဘက်သို့ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်းထွက်လာရာ တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးထုတ်ပြန်သည်။

ယမန်နေ့(ဇန်နဝါရီ ၃ ရက်)နံနက် ၇ နာရီခွဲခန့်က အင်အား ၅၀ခန့်ပါ စစ်ကောင်စီတပ်သုံးယာဥ်(၂)စီးအား ပဒါန်း-ငဖဲ-စေတုတ္တရာ လမ်းပိုင်း ညောင်ကိုင်းကျေးရွာအနီးတွင် မင်းဘူးခရိုင်အမှတ်(၈)တပ်ရင်း၊ ချင်းကာကွယ် ရေးတပ်-အရှို (CDF-Asho)၊ ငဖဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ)တို့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဟု ဖော်ပြသည်။

တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၂၀ခန့်ကြာခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရပြီး ထိခိုက်ဒဏ်ရာရသူများအနက် ဆေးကုသစဥ်ထပ်မံသေဆုံးမှုရှိကြောင်းလည်း မင်းဘူးခရိုင် အမှတ်(၈) တပ်ရင်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

“တိုက်ခိုက်မှုမှာ အခြားအဖွဲ့တွေလည်း ပါပါတယ်။ ရန်သူကျဆုံးမှုကိုတော့ ထပ်မံစိစစ်တုန်းပါ။ (စစ်ကောင်စီတပ်ထံမှ)လက်နက်တော့ မရခဲ့ဘူး”ဟု ပူးပေါင်းစစ်ဆင်ရေးတွင်ပါဝင်သည့် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်သည် ပဒါန်း-ငဖဲ-စေတုတ္တရာ လမ်းပိုင်းအသုံးပြု၍ တပ်ရွေ့ပြောင်းမှုများ၊ အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိကြောင်း မင်းဘူးခရိုင် တပ်ရင်း(၈)၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အရပ်သားပြည်သူကားများအသုံးပြု၍လည်း အသွင်ယူလှုပ်ရှား သွားလာလျက်ရှိရာ ပြည်သူများအနေဖြင့် စစ်ကောင်စီ ယာဥ်တန်းများနှင့် နီးကပ်စွာလိုက်ပါခြင်း၊ စ၎င်းတို့ တပ်စွဲထားသောနေရာများအနီး နီးကပ်စွာနေထိုင်ခြင်းများ မပြုကြရန်လည်း အသိပေးသည်။

ငဖဲမြို့နယ်တွင် ပြီးခဲ့သည့်ဒီဇင်ဘာ ၁၆ ရက်ကလည်း ဒရုန်းလက်ရုံးတပ်ဖွဲ့ မင်းဘူးခရိုင်(ပ.က.ဖ)နှင့်ပူးပေါင်းအဖွဲ့များသည် ငဖဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲထားသော ငဖဲမြို့မရဲစခန်း၊ မြို့နယ်ထွေအုပ်ရုံးတို့ကို ဗုံးသီး ၃ ကြိမ်ချ၍ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊စံပြကျေးရွာက စစ်တပ်အထိုင်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ် တွေက ဒီနေ့မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြား ရေးတာဝန်ခံက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့က ဆင်းလာတဲ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီး တစ်စီး ထိခိုက်မှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ ကြေးနီတွေတင်လာပြီးနောက် ချင်းတွင်းမြစ်အတွင်း ရေကြောင်းမှားလို့ သော​င်တင်နေတဲ့ ရေယာဥ်တွေကို ဒေသတွေတော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။