Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေ

နိုဝင်ဘာ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံအမျိုးသား ၁၆ ဦး၊အမျိုးသမီး လေးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

(၂၀၂၄ နိုဝင်ဘာ ၁၁ ရက်ညပိုင်းက မိုးကုတ်မြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲအပြီး ပျက်စီးသွားသည့် နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(၂၀၂၄ နိုဝင်ဘာ ၁၁ ရက်ညပိုင်းက မိုးကုတ်မြို့ကို စစ်ကောင်စီလေတပ် ဗုံးကြဲအပြီး ပျက်စီးသွားသည့် နေအိမ်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကဖေး/People’s Spring

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ယ‌နေ့ (ဇန်နဝါရီ ၈ရက်) နေ့လယ် ၁၂နာရီ ခွဲခန့်ကစ၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေကြောင်း မြို့ခံများက ပြောသည်။

အလုံး ၃၀ကျော်ပြီ ကြဲတာ။ တခါကြဲရင် ၆လုံး မကဘူး။ ဂေါက်ကွင်းဘက်ကို ကြဲတာ”ဟု မိုးကုတ်မြို့အနီးတွင် စစ်ဘေးရှောင်နေသူတစ်ဦးက ပြောသည်။

မိုးကုတ်မြို့ပေါ်တွင် ဂေါက်ကွင်းတစ်ကွင်း၊ကျပ်ပြင်ကျေးရွာဘက်တွင် ဂေါက်ကွင်းတစ်ကွင်းရှိပြီး စစ်ကောင်စီက မိုးကုတ်မြို့ပေါ်ဂေါက်ကွင်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” အဲ့ဒီမှာ ကျောက်တူးတဲ့သူတွေ ရှိတယ်ဗျ။ စိုးရိမ်ဖို့ ကောင်းတယ်” ဟု မိုးကုတ်မြို့ခံတစ်ဦးကပြောသည်။

မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ PDFနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ၂၀၂၄ ဇူလိုင် ၂၄ရက်တွင်သိမ်းယူခဲ့ပြီး မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် TNLA တို့က မြို့နယ်အုပ်ချုပ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိုဆောင်ရွက်နေသည်။

တိုက်ပွဲများဖြစ်ပွားစဉ်က တိမ်းရှောင်ခဲ့သည့်ဒေသခံများသည် လက်ရှိတွင် မိုးကုတ်မြို့၌ပြန်လည်အခြေချနေသည်။

မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက်ညတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နောက်ဆုံးပြုလုပ်ထားပြီး ယခုအခါ နှစ်လခန့်အကြာတွင် ပထမဆုံးအကြိမ် လေကြောင်းပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။

နိုဝင်ဘာ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံအမျိုးသား ၁၆ ဦး၊အမျိုးသမီး လေးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။

ယနေ့လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီ၏ လေကြောင်းဒဏ်နှင့် စစ်ဘေးဒဏ်ကို ဒေသခံများရင်ဆိုင်နေရသည့်အပြင် တိုက်ပွဲများရပ်စဲရေး တရုတ်အစိုးရ၏ ကြိုးပမ်းမှု‌ကြောင့် စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟု TNLAက ၂၀၂၄ နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook