Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၃၀၀ဦး TNLAဖမ်းဆီး၊ စစ်ကောင်စီ သတင်းပေးများလည်းပါဝင်ဟုဆို

မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

(မိုးကုတ်မြို့တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများအား TNLAက ဖမ်းဆီးထားစဉ်။ဓာတ်ပုံ − TNLA)
(မိုးကုတ်မြို့တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများအား TNLAက ဖမ်းဆီးထားစဉ်။ဓာတ်ပုံ − TNLA)

ထားမြတ်/People’s Spring

တအာင်းတပ်မတော်(TNLA)အပါအဝင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မိုးကုတ်မြို့တွင် တအာင်းတပ်မတော်(TNLA)၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ မူးယစ်ဆေးဝါး ရောင်းဝယ်၊ သုံးစွဲသူ ၃၀၀ဦး ဖမ်းဆီးထိန်းသိမ်းခဲ့ရာ စစ်ကောင်စီ သတင်းပေးများလည်း ပါဝင်သည်ဟု TNLAက ယနေ့(ဒီဇင်ဘာ ၁၉ရက်) သတင်းထုတ်ပြန်သည်။

TNLAပူးပေါင်းတပ်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလ ယခုနှစ် ဇူလိုင် နောက်ဆုံးပတ်တွင် မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ရာ ယခု ဒီဇင်ဘာအထိ မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းဝယ်သူ များစွာကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(မိုးကုတ်မြို့တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများအား TNLAက ဖမ်းဆီးထားစဉ်။ဓာတ်ပုံ − TNLA)

ထိုသို့ ဖမ်းမိသူများအနက် ယခင်စစ်ကောင်စီထိန်းချုပ်စဥ်ကာလက ၎င်းတို့အား ညီနောင်မဟာမိတ်များ၏ သတင်းအချက်အလက်များရယူပေးပို့ရန် မူးယစ်ဆေးဝါးများပေးပြီး ရောင်းဝယ်သုံးစွဲခွင့်ပြုထားသူ အများအပြားပါဝင်ကြောင်း TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့ကို TNLA တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်မြေအတွင်း ဖမ်းမိခဲ့သည့်မူးယစ်ဆေးဝါးသုံးစွဲသူများအား အကျင့်စာရိတ္တပြုပြင်ရေးကျောင်းတွင်ပို့ဆောင်ကာ ၎င်းတို့အား ၆ လတိတိ အကျင့်စာရိတ္တပြုပြင်ပေးသွားမည်ဟု အသိပေးသည်။

(မိုးကုတ်မြို့တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများအား TNLAက ဖမ်းဆီးထားစဉ်။ဓာတ်ပုံ − TNLA)
(မိုးကုတ်မြို့တွင် မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူများအား TNLAက ဖမ်းဆီးထားစဉ်။ဓာတ်ပုံ − TNLA)

ထို့ပြင် မူးယစ်ဆေးဝါးရောင်းဝယ်သူများကိုမူ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး‌ရေး၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့ လုံခြုံရေးဟူသည့် လုပ်ငန်းစဥ်(၅)ရပ်ဖြင့် ဆောင်ရွက်နေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။