Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့လက်ကျန် စစ်ကောင်စီတပ်ရင်းများသိမ်းပိုက်မှု စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ KIA သိမ်းရ၊ KIAရဲဘော်များ အောင်ပွဲခံ

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက် ၁၁နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီ၏ လက်ကျန် တပ်ရင်း ၃ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့(ဇန်နဝါရီ ၈ရက်) နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ရာ သုံ့ပန်းနှင့် လက်နက်ခဲယမ်းများစွာရရှိခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က အသိပေးသည်။

မံစီမြို့ရှိ ခမရ(၆၀၁)၊ ခမရ(၃၁၉)နှင့် အမတ (၃၅၂) တပ်ရင်းများကို ယနေ့ နံနက် ၁၁နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရရှိမှု အရေအတွက် အသေးစိတ်ကို ကချင်စစ်ရေး သတင်းရင်းမြစ်က အသိပေးထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ – File)

မံစီမြို့ရှိ လက်ကျန် စစ်ကောင်စီတပ်ရင်းသုံးခုလုံး သိမ်းပိုက်နိုင်မှုကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုထားပြီး ဗန်းမော်မြို့ရပ်ကွက်အချို့၌ KIA ဝင်ရောက်နေရာယူထားနိုင်ပြီး စစ်ကောင်စီပင်မတပ်ရင်းဌာနချုပ်များကို စောင့်ကြည့်နေဆဲအခြေအနေဖြစ်ကာ တိုက်ပွဲဆက်ရှိနေသည်ဟု အသိပေးသည်။

KIAနှင့် မဟာမိတ်များသည် ဒီဇင်ဘာ ၄ရက်တွင် မံစီနှင့် ဗန်းမော်ဒေသတစ်ခုလုံး သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာတွင် မံစီမြို့ရှိ လက်ကျန် စစ်စခန်းအားလုံး ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မံစီမြို့ရှိ စစ်ကောင်စီတပ်များ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် KIA ရဲဘော်များ အောင်ပွဲခံနေသည့် ရုပ်သံအချို့လည်း ယနေ့တွင်လူမှုကွန်ရက်၌ တွေ့ရသည်။

“ တပ်ရင်းနံပတ်ပြော “ ဟု KIA ရဲဘော်တစ်ဦးက ပြောဆိုချက်ကို အခြား ရဲဘော်တစ်ဦးက “၃၁၉နဲ့ ၆၀၁ကို အောင်မြင်စွာ သိမ်းပြီး ပြန်ခဲ့ပါပြီနော”ဟု ပြောကြားခဲ့သည်ကို အောင်ပွဲခံရုပ်သံ၌ တွေ့ရသည်။

(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ - File)
(မံစီမြို့သိမ်းတိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် KIAရဲဘော်များ။ ဓာတ်ပုံ – File)

အဆိုပါ ရုပ်သံမှတ်တမ်းကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြန်လည်မျှဝေခဲ့ပြီး “မံစီ ပြီးပါပြီ တဲ့။ အပျော်တွေ ကူးစက်” ဟု ရေးသားခဲ့သည်။

“ဗန်းမော်၊ မန်စီ မြို့ ၂ မြို့ တပြိုင်တည်း သိမ်းဖို့ ဒီဇင်ဘာလ ၄ ရက်မနက်ကတည်းက စခဲ့တာပါ။ မြို့ ၂ မြို့ ဆိုပေမယ့် ပြည်မဖက်က မြို့တွေလို မြို့စောင့်တပ်ရင်း လောက်တင် ရှိနေတာမျိုး မဟုတ်ပဲ၊ နှစ်ပေါင်းများစွာ တော်လှန်ရေးကို ကြံ့ကြံ့ခံနိုင်ဖို့ ပတ်ပတ်လည်မှာ အခိုင်အမာ တည်ဆောက်ထားတဲ့ ခံတပ်စခန်းကြီးများ ဝန်းရံထားတဲ့ စစ်ဒေသဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဗန်းမော်ဟာ ရန်သူ့စကစဖက်က အားသာချက်များကတော့ ထောက်ပို့လွယ်ကူခြင်း ဖြစ်ပါတယ်။ ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းလမ်း ရှိခဲ့တယ်။ အခုတော့ ကုန်းကြောင်း၊ ရေကြောင်း ထောက်ပို့လမ်းကြောင်း အားလုံးကို ဖြတ်တောက်ထားပြီးလေကြောင်းထောက်ပို့ကိုသာ အားကိုးနေရတဲ့ သဘောရှိပါတယ်” ဟု ဒေါက်တာတူးခေါင်က မံစီနှင့် ဗန်းမော်မြို့စစ်ဆင်ရေးနှင့်ပတ်သက်ပြီး ရေးသားထားသည်။

စစ်ကောင်စီဘက် ယခင်ဆုံးရှုံးခဲ့ရသည့် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့၊ မန်ဝန်းကြီးမြို့၊ ဆင်ဘိုမြို့၊ မြို့သစ်၊ ကုန်းလော၊ ယောယုံဗျူဟာ၊ စိန်လုံဗျူဟာ စသည့် တပ်စခန်းများမှ ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်များ ဗန်းမော်နှင့် မံစီ၌ စုပေါင်းထားရာ နေရာဖြစ်ပြီး တိုက်ရည်ခိုက်ရည် အသင့်အတင့် ရှိသူများ စုဝေးရာနေရာဖြစ်ကြောင်း၊ ထိုပပြင် စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူ အများအပြား အသုံးပြုနေခြင်းကြောင့်လည်းကောင်း အခက်အခဲပေါင်းများစွာ ရှိခဲ့သော်လည်း အောင်မြင်မှုများ အထိုက်အလျောက်ရရှိနေပြီဟု ဒေါက်တာတူးခေါင်က ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ် ငါးအိုးဗျူဟာမှာစုဖွဲ့ပြီး ရွှေကူမြို့ထိုးစစ်ဆင်လာတဲ့ စစ်တပ်ဟာ မြို့အတွင်းကို ဝင်ရောက်သွားပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ ချောင်းဦးမြို့ကိုပို့မယ့် စစ်တပ်ရဲ့လက်နက်ခဲယမ်းယာဥ်ကို တော်လှန်ရေးပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ဗိုလ် ၂ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး လက်နက် ၄ လက်သိမ်းဆည်းရမိကြောင်း တော်လှန်ရေးအဖွဲ့တွေက သတင်းထုတ်ပြန်ပါတယ်။