Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ခေါင်းချင်းဆိုင်ထားတဲ့ မတ္တရာမြို့နယ်က ထန်းပင်ကုန်း​ရွာအနီးကို လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ခေါင်းချင်းဆိုင်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း​ကျေးရွာအနီးတဝိုက်ကို ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က ထန်းပင်ကုန်းရွာကို သိမ်းနိုင်ပြီလို့ ဝါဒဖြန့်ချီခဲ့စဥ်။ ဓာတ်ပုံ - စစ်​ကောင်စီ

မေ/People’s Spring

စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ခေါင်းချင်းဆိုင်ထားတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ထန်းပင်ကုန်း​ကျေးရွာအနီးတဝိုက်ကို ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၉ရက် ဒီကနေ့မနက် ၁၁နာရီဝန်းကျင်မှာ နှစ်ကြိမ် လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်သွားတာလို့ သိရပါတယ်။

“ပြည်သူတွေက ရှောင်နေကြတော့ အထိခိုက်မရှိလောက်ဘူး။အခုထိတော့ အထိခိုက်သတင်းမရသေးဘူး။Mi-35နဲ့ ၂ကြိမ်တော့လာကြဲသွားတယ်”လို့ မတ္တရာမြို့နယ်က တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထန်းပင်ကုန်းကျေးရွာဟာ မတ္တရာမြို့နယ်အရှေ့ခြမ်းက တိုက်ပွဲတွေအမြဲဖြစ်နေတဲ့ ကျောက်တံတားကျေးရွာရဲ့မြောက်ဘက်မှာရှိပြီး တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့နယ်မြေဖြစ်ပါတယ်။

ထန်းပင်ကုန်းရွာအနီးမှာ စစ်တပ်နဲ့ PDF ရဲဘော်တွေ နီးနီးကပ်ကပ် တိုက်ပွဲဆိုင်ထားကြပြီး ညဘက်ဆို PDFတွေက ပစ်ခတ်တာတွေရှိတယ်လို့လည်း သိရပါတယ်။

“ဟိုဘက်၊ဒီဘက်က ခဲနဲ့လှမ်းထုလို့တောင်ရတယ်။လေကြောင်းလာရင်လည်းနှစ်ဖက်လုံးကကြောက်ရတာ။ပစ်ခတ်သံကတော့ ညတိုင်းပဲ။

PDFဖက်ကပဲစ ပစ်တာ”လို့ အခြေအနေကိုသိရှိသူတစ်ဦးကလည်း ပြောပါတယ်။

ဒါ့အပြင် ဒီနေ့မှာ မတ္တရာမြို့နယ်အနောက်ခြမ်းက ဥဒိန်ရွာကိုလည်း စစ်တပ်က သိမ်းယူပြီးတဲ့နောက် ၁၀ကြိမ်မြောက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။

၂၀၂၅ နှစ်စပိုင်းမှာတင် စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက် ပြုလုပ်နေပြီး မနေ့က မိုးကုတ်မြို့၊ဒီကနေ့မှာ မတ္တရာမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ဆို့ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။