Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်း – ဖာပွန် ကားလမ်းအနီးက လှဂွန်းပျို စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ် ဖာပွန်မြို့ အနောက်တောင်ဘက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်နားက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို (ခိုသွီထွာ) စခန်းကို KNU တပ်မဟာ (၅) က ဇန်နဝါရီလ ၇ ရက်မှာ သိမ်းယူလိုက်နိုင်တယ်လို့ သိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ဖာပွန်မြို့ အနောက်တောင်ဘက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်နားက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို (ခိုသွီထွာ) စခန်းကို KNU တပ်မဟာ (၅) က ဇန်နဝါရီလ ၇ ရက်မှာ သိမ်းယူလိုက်နိုင်တယ်လို့ သိရပါတယ်။

အဲဒီ တပ်စခန်းဟာ ဘီးလင်း – ဖာပွန်ကားလမ်း အနီးဝန်းကျင် မှာ တည်ရှိတာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တာလို့ တပ်မဟာ (၅)​ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

“လှဂွန်းပျိုစခန်း သိမ်းလို့ရပြီ၊ (၇)ရက်နေ့ ညနေမှာနော်၊လက်နက်ခဲယမ်းအချို့လည်းရရှိတယ်၊စကစတပ်စွန့်ခွာလို့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတော့ မသိရဘူး ” လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချသလို ၊ တချို့လည်းထွက်ပြေးသွားတယ်လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက အသိပေးပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှုးအဆင့်အပါအဝင် ၁၆ ဦး လက်နက်ချခဲ့သလို လက်နက်မချဘဲ ထွက်ပြေးသွားသူ ၆ဦး ရှိနေတယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ဖာပွန် – ကမမောင်းလမ်းပိုင်းက ကတိုင်တိစခန်းကိုလည်း သိမ်းယူနိုင်ဖို့ KNU တပ်မဟာ (၅) က ဆက်လက်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေ-စုကလိလမ်းပိုင်းတွေကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်း စစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေတာကြောင့် KNU ဦးဆောင်တဲ့ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ကရင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာသိမ်းသစ်တပ်က ကရင်ပြည်နယ်၊ဘားအံမြို့နယ်ကသံလွင်မြစ်ကြောင်းမှာမြစ်တွင်းသွား တိုက်ရေယာဉ်တစ်စီးစစ်ရေးလေ့ကျင့်သွားမယ်လို့ကရင်စစ်ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။