Connect with us

Hi, what are you looking for?

သတင်း

ဘီးလင်း – ဖာပွန် ကားလမ်းအနီးက လှဂွန်းပျို စခန်းကို KNU သိမ်းယူ

ကရင်ပြည်နယ် ဖာပွန်မြို့ အနောက်တောင်ဘက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်နားက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို (ခိုသွီထွာ) စခန်းကို KNU တပ်မဟာ (၅) က ဇန်နဝါရီလ ၇ ရက်မှာ သိမ်းယူလိုက်နိုင်တယ်လို့ သိရပါတယ်။

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ် ဖာပွန်မြို့ အနောက်တောင်ဘက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်နားက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို (ခိုသွီထွာ) စခန်းကို KNU တပ်မဟာ (၅) က ဇန်နဝါရီလ ၇ ရက်မှာ သိမ်းယူလိုက်နိုင်တယ်လို့ သိရပါတယ်။

အဲဒီ တပ်စခန်းဟာ ဘီးလင်း – ဖာပွန်ကားလမ်း အနီးဝန်းကျင် မှာ တည်ရှိတာဖြစ်ပြီး ဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တာလို့ တပ်မဟာ (၅)​ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

“လှဂွန်းပျိုစခန်း သိမ်းလို့ရပြီ၊ (၇)ရက်နေ့ ညနေမှာနော်၊လက်နက်ခဲယမ်းအချို့လည်းရရှိတယ်၊စကစတပ်စွန့်ခွာလို့ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေတော့ မသိရဘူး ” လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချသလို ၊ တချို့လည်းထွက်ပြေးသွားတယ်လို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက အသိပေးပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှုးအဆင့်အပါအဝင် ၁၆ ဦး လက်နက်ချခဲ့သလို လက်နက်မချဘဲ ထွက်ပြေးသွားသူ ၆ဦး ရှိနေတယ်လို့ သိရပါတယ်။

ဖာပွန်ခရိုင်ထဲမှာ ဖာပွန် – ကမမောင်းလမ်းပိုင်းက ကတိုင်တိစခန်းကိုလည်း သိမ်းယူနိုင်ဖို့ KNU တပ်မဟာ (၅) က ဆက်လက်တိုက်ခိုက်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂)...

သတင်း

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ၊ ကတိုင်တိကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်မဟာ(၅) ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေ ပြီး ကတိုင်တိစခန်းမကျဖို့ စစ်ကောင်စီကလေကြောင်းပစ်ကူနဲ့ခုခံ နေတယ်လို့ တပ်မဟာ (၅)ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုထံကသိရပါတယ်။

သတင်း

ဖာပွန်မှာစစ်ကောင်စီတပ်စခန်းတွေကို KNU နဲ့ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူတာ ၊ ဝန်းရံပိတ်ဆို့တာတွေ ပြုလုပ်ထားတာပါ ။

သတင်း

စစ်ကောင်စီ၏ ကူးဆိပ်စခန်းကို သိမ်းနိုင်ပြီးနောက် ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းပေါ်ရှိ မထောတပ်စခန်းကိုပါ KNUက ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Facebook