Connect with us

Hi, what are you looking for?

သတင်း

လောင်းရှည်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ ၂ ဦးဖမ်းမိ

သေနတ်လေးလက်နှင့် ခဲယမ်းများရဟု PDF အသိပေး

ဂန့်ဂေါခရိုင် PDF အမှတ်(၃)တပ်ရင်း မှ ရဲ​ဘော်များနှင့် စစ်သုံ့ပန်း ၁ ဦးကိုဖမ်းမိစဥ်။ ဓါတ်ပုံ-Saw PDF

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ပူးပေါင်းအဖွဲ့များနှင့်အတူ ရက်ဆက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေပြီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင့် ဂန့်ဂေါခရိုင် PDF အမှတ်(၃)တပ်ရင်းက ယနေ့(ဇန်နဝါရီလ ၁၁ ရက်)အသိပေး ထုတ်ပြန်သည်။

ဒီဇင်ဘာလ(၂၈)ရက်နေ့က ဆောမြို့မရဲစ ခန်းအတွင်းမှ ကပစ ၊ ခလရ၊ ရဲ ထုတ်နုတ်အင်အား (၅၄)ဦးပါ စစ်ကြောင်းသည် လောင်းရှည်မြို့သို့ထွက်လာစဥ် လောင်းရှည်တိုက်နယ်အတွင်း၌ ဂန့်ဂေါခရိုင် အမှတ်(၃၊၅၊၆)တပ်ရင်းများနှင့်အတူ မကွေးတိုင်း Drone တပ်ဖွဲ့၊ မင်းဘူးခရိုင် တိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်းပြီး ဒီဇင်ဘာလ (၃၀)ရက်နေ့အထိနှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦးသေဆုံး၊ (၁)ဦးအရှင်ဖမ်းဆီးမိကာ (၃)ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီးMA-2(ခေါ်) စက်ကလေး(၁)လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ တိုက်ခိုက်မှုများအပြီး ကစဥ့်ကလျားထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်ရာတွင် ဒီဇင် ဘာလ (၃၁)ရက်နေ့၌ တိုက်ပွဲထပ်ဖြစ်သည်ဟု ဂန့်ဂေါခရိုင် အမှတ်(၃)တပ်ရင်းက ထုတ် ပြန်သည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂) ဦးသေဆုံး၊ (၁)ဦးအရှင်ဖမ်းဆီးရမိကာMA-2(၁)လက်၊ MA-3 (၁)လက်၊ G-3(၁)လက်နှင့် အတူခဲယမ်းများထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

“ပြည်သူများ၏အကျိုးအားရှေ့ရှု၍ တိုက်ပွဲသတင်းအခြေအနေများအား အချိန်နှင့်တပြေးညီ မထုတ်ပြန်ခြင်းဖြစ်ကြောင်းသိစေအပ်သည်”ဟု တပ်ရင်း ၃ က ဖော်ပြသည်။

အထက်ပါ ထိတွေ့တိုက်ပွဲများနှင့်စပ်လျဥ်း၍ လူထုနွေဦးက ဂန့်ဂေါခရိုင် အမှတ်(၃)တပ် ရင်းထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ် မရသေးဘဲ နောက်ဆက်တွဲသတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းတပ်ရင်းက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိကာ လက်နက်ခဲယမ်းတချို့ပါ သိမ်းဆည်းခံလိုက်ရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ရွှေဘို - မြစ်ကြီးနားကားလမ်းပိုင်းရှိ ရေရှင်ကြီးကျေးရွာထိန်းချုပ်နိုင်ရေး စစ်ကောင်စီတပ်စစ်ကြောင်းက ပြင်ဆင်နေပြီး အဆိုပါစစ်ကြောင်းသည် PDFဝတ်ဆုံဝတ်ထား၍ ကားလမ်းဘေးတလျှောက်ကျေးရွာများ စစ်ရေးအခြေအနေသတိပြုရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးသည်။

သတင်း

ကရင်ပြည်နယ် ၊ ဖာပွန် - ကမမောင်း ကားလမ်းပိုင်းက ကတိုင်တိ စခန်းဆီ စစ်ကူတက်လာတဲ့ စစ်ကောင်စီ တပ်စစ်ကြောင်းနဲ့ KNU တပ်မဟာ (၅) ပူးပေါင်းတပ်ကြား မတ်လ ၁ ရက်က တိုက်ပွဲ ဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ပြန်ဆုတ်သွားရတယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအစပ်မှာ စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ကိုးဦးထက်မနည်းသေဆုံးကာ စစ်သုံ့ပန်း ၉ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။