Connect with us

Hi, what are you looking for?

သတင်း

လောင်းရှည်တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးသေ ၂ ဦးဖမ်းမိ

သေနတ်လေးလက်နှင့် ခဲယမ်းများရဟု PDF အသိပေး

ဂန့်ဂေါခရိုင် PDF အမှတ်(၃)တပ်ရင်း မှ ရဲ​ဘော်များနှင့် စစ်သုံ့ပန်း ၁ ဦးကိုဖမ်းမိစဥ်။ ဓါတ်ပုံ-Saw PDF

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ လောင်းရှည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ကို ပူးပေါင်းအဖွဲ့များနှင့်အတူ ရက်ဆက်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေပြီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင့် ဂန့်ဂေါခရိုင် PDF အမှတ်(၃)တပ်ရင်းက ယနေ့(ဇန်နဝါရီလ ၁၁ ရက်)အသိပေး ထုတ်ပြန်သည်။

ဒီဇင်ဘာလ(၂၈)ရက်နေ့က ဆောမြို့မရဲစ ခန်းအတွင်းမှ ကပစ ၊ ခလရ၊ ရဲ ထုတ်နုတ်အင်အား (၅၄)ဦးပါ စစ်ကြောင်းသည် လောင်းရှည်မြို့သို့ထွက်လာစဥ် လောင်းရှည်တိုက်နယ်အတွင်း၌ ဂန့်ဂေါခရိုင် အမှတ်(၃၊၅၊၆)တပ်ရင်းများနှင့်အတူ မကွေးတိုင်း Drone တပ်ဖွဲ့၊ မင်းဘူးခရိုင် တိုက်ခိုက်ရေးအဖွဲ့တို့ပူးပေါင်းပြီး ဒီဇင်ဘာလ (၃၀)ရက်နေ့အထိနှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦးသေဆုံး၊ (၁)ဦးအရှင်ဖမ်းဆီးမိကာ (၃)ဦးမှာ အပြင်းအထန်ဒဏ်ရာရရှိပြီးMA-2(ခေါ်) စက်ကလေး(၁)လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ တိုက်ခိုက်မှုများအပြီး ကစဥ့်ကလျားထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်ရာတွင် ဒီဇင် ဘာလ (၃၁)ရက်နေ့၌ တိုက်ပွဲထပ်ဖြစ်သည်ဟု ဂန့်ဂေါခရိုင် အမှတ်(၃)တပ်ရင်းက ထုတ် ပြန်သည်။

၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂) ဦးသေဆုံး၊ (၁)ဦးအရှင်ဖမ်းဆီးရမိကာMA-2(၁)လက်၊ MA-3 (၁)လက်၊ G-3(၁)လက်နှင့် အတူခဲယမ်းများထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

“ပြည်သူများ၏အကျိုးအားရှေ့ရှု၍ တိုက်ပွဲသတင်းအခြေအနေများအား အချိန်နှင့်တပြေးညီ မထုတ်ပြန်ခြင်းဖြစ်ကြောင်းသိစေအပ်သည်”ဟု တပ်ရင်း ၃ က ဖော်ပြသည်။

အထက်ပါ ထိတွေ့တိုက်ပွဲများနှင့်စပ်လျဥ်း၍ လူထုနွေဦးက ဂန့်ဂေါခရိုင် အမှတ်(၃)တပ် ရင်းထံ ဆက်သွယ်မေးမြန်းထားသော်လည်း အဆက်အသွယ် မရသေးဘဲ နောက်ဆက်တွဲသတင်းများအား ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းတပ်ရင်းက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်သားတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ သေနတ်တစ်လက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးထက်မနည်း သေဆုံးကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခံရသည့် သေဆုံးစစ်သားများအား စစ်ကောင်စီက သေဆုံးစာရင်းမထည့်ဘဲ ပျောက်ဆုံးစာရင်းသာထည့်ပြီီး ကျန်ရစ်သူမိသားစုဝင်များအား ထောက်ပံ့ကြေးပေးရန် ငြင်းဆန်နေသည်ဟု သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် စစ်ကောင်စီ၏ လေ့ကျင့်ရေးတပ် စခတ-၈မှ အင်အား(၇၀)ပါစစ်ကြောင်းတိုက်ခိုက်မှုအတွင်း ၄၇ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁) စစ်ဒေသက ယနေ့(ဒီဇင်ဘာ ၇ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

Facebook