Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ် ဆိပ်မူဒေသ၌ နွံကန်ပြိုကျ၍ လူသေဆုံးမှုများ၊ နေအိမ် ၅၀ကျော်နစ်မြုပ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွအုပ်စု စဘော့ကျေးရွာအနီးရှိ နွံကန်ပြိုကျ၍ လူသေဆုံးထိခိုက်မှုများရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွအုပ်စု စဘော့ကျေးရွာအနီးရှိ နွံကန်ပြိုကျပြီးနောက် တွေ့ရစဉ်။

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွအုပ်စု စဘော့ကျေးရွာအနီးရှိ နွံကန်ပြိုကျ၍ လူသေဆုံးထိခိုက်မှုများရှိကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁၃ရက်) နံနက်အစောပိုင်းတွင် စဘော့ကျေးရွာအနီးရှိ ရတနာအဓိပတိ နွံကန်ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နွံကန်ပြိုကျမှုကြောင့် စဘော့ကျေးရွာရှိနေအိမ် အလုံး ၅၀ထက်မနည်းထိခိုက်ပျက်စီးနစ်မြုပ်ခဲ့သည်ဟု ကြားရကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“လောလောဆယ် အခုချိန် အလောင်းဖော်နိုင်တာ ၈လောင်းတော့ ရှိသွားပြီလို့ ပြောတယ်။ သေဆုံးသူ စာရင်းအတိအကျတော့ အခုဘာမှ မပြောနိုင်သေးဘူး။ဘာလို့လဲဆို အားလုံးက နွံတွေ နစ်ကုန်တော့ ဘက်ဟိုးတွေနဲ့ ရှာဖို့လည်း အခုအချိန်မှာ အင်မတန်မှ ခက်ခဲနေသေးတယ်လို့ အကြောင်းကြားလာတာရှိပါတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ကယ်ဆယ်ရေးကို ဒေသခံပြည်သူများ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်လျက်ရှိသည်ဟု ဆိုသည်။

နွံကန်ပြိုကျမှုဖြစ်ခဲ့သည့် ဆိပ်မူကျေးရွာအုပ်စု စပေါ့ကျေးရွာသည် လက်ရှိတွင် ကချင် လွတ်လပ်ရေးအဖွဲ့(KIO)ထိန်းချုပ်နယ်မြေအတွင်းဖြစ်သည်ဟု ဆိုသည်။

ယခု နွံကန်ပြိုမကျမီ ဇန်နဝါရီ ၆ရက်က ဖားကန့် ဒေသ သဘာ၀ပတ်ဝန်းကျင် တန်ဖိုးထားသူအချို့က နွံကန်ပြိုကျနိုင်မှု အခြေအနေကို ကချင် လွတ်လပ်ရေးအဖွဲ့(KIO) ဒေသအာဏာပိုင်များအား ပြောကြားခဲ့သည်ဟု ဆိုသည်။

“နွံကန်ပြိုကျလာနိုင်တဲ့အနေအထားကို သက်ဆိုင်ရာ KIOက တာဝန်ရှိတဲ့သူတွေကို သူ့ဘက်က သွားပြီး သတင်းပေးပို့ထားတာရှိတယ်။ အဲဒီနေ့မှာလည်း KIOက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေလည်း လုပ်ငန်းရှင်တွေကို အဲဒီမှာ ဆက်မတူးဖို့ မြေတွေ ထပ်ပြီးမဖို့ဖို့ သွားပြီးတော့ သတိပေးထား တားမြစ်ထားပြီးသားလို့ တော့ သတင်းရရှိထားပါတယ်။ ဒါပေမဲ့ ကုမ္ပဏီဘက်က မြေတွေ ဆက်တူးနေတဲ့ အနေအထားကြောင့် ဒီမနက် အစောပိုင်းမှာ အခုလို နွံကန်က ပြိုကျခြင်းဖြစ် တယ်လို့ ဒါနောက်ဆုံးရရှိတဲ့သတင်းပါ”ဟု ဒေသ သတင်းရင်းမြစ်က ပြောသည်။

ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ အကြီးအကျယ် ပြုလုပ်လျက်ရှိသည့် ဖားကန့်ဒေသတွင် နွံကန်ပြိုကျမှုများ ယခင်ကလည်း မကြာခဏ ရှိခဲ့ပြီး လူအစုလိုက်၊ အပြုံလိုက်သေဆုံး၊ ပျောက်ဆုံးမှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကြုံတွေ့နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ နေအိမ်တစ်လုံးပေါ်ကို မြေပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။