Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေး စိုးရိမ်​နေ​သောတရုတ်တံခါးပိတ်ဆွေးနွေးပွဲပြုလုပ်ဟု အိန္ဒိယသတင်းဌာန​ဖော်ပြ

မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအ​နေဖြင့် စိုးရိမ်မှုမြင့်တက်နေချိန်တွင် တရုတ်ကွန်မြူနစ်ပါတီထိပ်တန်းခေါင်းဆောင်များ၊ အစိုးရအရာရှိများ၊ ပညာရှင်များ၊ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများက တံခါးပိတ်ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Economic Times သတင်းဌာနက ဖော်ပြသည်။

မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံအ​နေဖြင့် စိုးရိမ်မှုမြင့်တက်နေချိန်တွင် တရုတ်ကွန်မြူနစ်ပါတီထိပ်တန်းခေါင်းဆောင်များ၊ အစိုးရအရာရှိများ၊ ပညာရှင်များ၊ နိုင်ငံခြားရေးမူဝါဒ ကျွမ်းကျင်သူများက တံခါးပိတ်ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယအခြေစိုက် The Economic Times သတင်းဌာနက ဖော်ပြသည်။

တရုတ်အစိုးရ၏ စီးပွားရေးအကျိုးစီးပွားများနှင့် ၎င်း၏ ဖြန့်ကျက်မှုအပေါ် သက်ရောက်မှုရှိနေသော မြန်မာနိုင်ငံအခြေအနေကို တရုတ်က စိုးရိမ်မှု မြင့်တက်နေခြင်းလည်းဖြစ်သည်။

မြန်မာနိုင်ငံ လက်ရှိအခြေအနေမှာ စစ်ကောင်စီက မကြုံစဖူး ထိခိုက်လွယ်သော အလွန်အမင်းစိုးရိမ်ဖွယ် အရေးပေါ်အခြေအနေဖြစ်နေခဲ့ကြောင်း ဆွေးနွေးပွဲပါဝင်တက်ရောက်သူများက ကျယ်ကျယ်ပြန့်ပြန့် သဘောထားအမြင်များကို ဆွေး

နွေးခဲ့ကြောင်း သိရသည်။ ထိုအခြေအနေမှာ နိုင်ငံများရှိ တရုတ်အကျိုးစီးပွားများကို ကာကွယ်နိုင်မည်မဟုတ်ကြောင်း သို့မဟုတ် တရုတ်-မြန်မာဆက်ဆံရေးကို ပေးအပ်ရမည့်အခြေအနေမဟုတ်ကြောင်း ဆွေးနွေးခဲ့သည်ဟု The Economic Times က ဆိုသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ဒီဇင်ဘာတွင် ကူမင်းမြို့၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်သူအများစုက မြန်မာနိုင်ငံသည် ဆီးရီးယားကဲ့သို့ဖြစ်ရန် အခွင့်အလမ်းနည်းပါးကြောင်း သဘောတူရှုမြင်ခဲ့ကြသည်။ ထို့အပြင် စစ်ကောင်စီက ရန်ကုန်၊ နေပြည်တော်၊ မန္တလေးကဲ့သို့သော မြို့ကြီးများအားလုံးကို အပြည့်အဝဆက်လက်ထိန်းချုပ်နိုင်မည်ဟု ကူမင်းဆွေးနွေးပွဲ​တက်ရောက်သူများက သုံးသပ်ကြသည်ဟုဆိုသည်။ သို့သော် တရုတ်အစိုးရအနေဖြင့် တရုတ်အကျိုးစီးပွားများကို ကာကွယ်ပေးနိုင်ရန် တော်လှန်ရေးအဖွဲ့များကို အားပေးထောက်ပံ့သင့်ကြောင်း ၎င်းတို့က ဆွေးနွေးခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ယင်းနောက် ကူမင်းဆွေးနွေးပွဲတက်ရောက်သူများက စစ်ကောင်စီသည် ရက္ခိုင်ပြည်နယ်ကို ဆုံးရှုံးရန် အနည်းငယ်သာလိုတော့ကြောင်း သုံးသပ်ခဲ့ကြသည်။

အဆိုပါဆွေးနွေးမှုများအပေါ် အခြေခံ၍ ပါဝင်တက်ရောက်သူများက ‘ရှေ့မတိုးသာ နောက်မဆုတ်သာ’ အခြေအနေတွင် တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီနှင့် တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသင့်ကြောင်းနှင့်အနောက်နိုင်ငံများထောက်ပံ့သော PDFs(ပြည်သူ့ကာကွ​ယ်ရေးတပ်ဖွဲ့များ)ကို ဘေးဖယ်ထားသင့်ကြောင်း အကြံပြုခဲ့ကြောင်း The Economic Times က ဖော်ပြသည်။

ကိုးကား – The Economic Times

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ ကတည်းက မြန်မာနိုင်ငံက ကလေးတွေ ဖြတ်သန်းနေရတဲ့ အကြောင်းအရာတွေကို တစ်ကွက်ကာတွန်းအနေနဲ့ ထုတ်ဝေထားတဲ့ WART CARTOON စာအုပ်က ဂျပန်ကာတွန်းပညာရှင်များအသင်းရဲ့ ၅၅ကြိမ်မြောက် ဆုပေးပွဲမှာ ကာတွန်းကဏ္ဍ အထူးဆုဆွတ်ခူးရရှိခဲ့ပါတယ်။

သတင်း

မြန်မာ့အရေးကို အင်ဒို-ပစိဖိတ်ဒေသ မဟာဗျူဟာမြောက်ဦးစားပေးအဖြစ် အသိအမှတ်ပြုဖို့ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ QUAD ကို တော်လှန်ရေးနဲ့ အရပ်ဘက်အဖွဲ့အစည်း ၆၆ ခု ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ရဲ့ မိတ်ဆွေဟောင်းဖြစ်ပြီး သူမရဲ့အခြေအနေကို လျစ်လျူရှုမထားဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ပြောပါတယ်။

နိုင်ငံတကာ

ရုရှား၊ တရုတ်တို့ရဲ့ အကူအညီတွေနဲ့အတူ မြောက်ကိုရီးယား စီးပွားရေးဟာ တဖြည်းဖြည်း ပြန်လည် ဦးမော့လာနေတယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။