Connect with us

Hi, what are you looking for?

News

ထန်တလန်မြို့အတွက် ဝမ်းနည်းကြောင်းပြသတဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် စစ်ကောင်စီလက်ပါးစေတို့ကြောင့် တစ်မြို့လုံးနီးပါးမီးလောင်သင့်ကာ အနိဋ္ဌာရုံဖြစ်ခဲ့ရသော ထန်တလန်မြို့နှင့်အတူ တစ်သားတည်းဝမ်းနည်းပူဆွေးရပါသည်။”ဟု GSCB က ထုတ်ပြန်သည်။

ချင်းပြည်နယ် ထန်တလန်မြို့ရှိ နေအိမ်များမီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး ဝမ်းနည်းကြောင်းပြသ သည့်အနေဖြင့် ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် ယနေ့(အောက်တိုဘာ၃၀)နံနက်တွင် ချီတက်ခဲ့ကြသည်။

“အားတင်းထားပါ ထန်တလန် မင်းတို့နှင့်အတူ ကလေးမြို့ရှိတယ်”စာတန်းပါ ကတ္ထူများကိုင်ဆောင်၍ ချီတက်ခဲ့ကြသည်။

“ကလေးမြို့ပင်မသပိတ်စစ်ကြောင်းသည် စစ်ကောင်စီလက်ပါးစေတို့ကြောင့် တစ်မြို့လုံးနီးပါးမီးလောင်သင့်ကာ အနိဋ္ဌာရုံဖြစ်ခဲ့ရသော ထန်တလန်မြို့နှင့်အတူ တစ်သားတည်းဝမ်းနည်းပူဆွေးရပါသည်။”ဟု GSCB က ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ခဲ့သလို လက်နက်ကြီးဖြင့်ပစ်ခဲ့သောကြောင့် ထန်တလန်မြို့ ဗိုလ်ချုပ်လမ်းတစ်လျောက် လူနေအိမ်များ ယမန်နေ့(အောက်တိုဘာ၂၉)က မီးလောင်ကျွမ်းနေရာ အိမ်ခြေ ၁၆၀ကျော်နှင့် ခရစ်ယာန်ဘုရားကျောင်းနှစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်းဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ထားပြီးငြှိမ်းသတ်သူမရှိခြင်း ၊စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ဆက်လက်ပစ်ခတ်နေသဖြင့် ထန်တလန်မြို့ရှိ နေအိမ်များမှာ ညပိုင်းအထိ ဆက်လက်လောင်ကျွမ်းခဲ့သည်။

စစ်ဘေးရှောင်နေအိမ်များကို ဖောက်ထွင်းခိုးယူနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF(ထန်တလန်)ကအောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့သည်။ထိုပစ်ခတ်မူကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးခဲ့ပြီး နောက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ၊ မီးလောင်ဗုံးများဖြင့် လူနေရပ်ကွက်အတွင်းကို နေလယ် ၁၁ နာရီမှ ညနေ ၃ နာရီအထိ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထန်တလန်မြို့တွင် စက်တင်ဘာလလယ်ပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်းတို့ကြောင့် မြို့ပေါ်မှနေအိမ် ၂၀ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဘာသာရေးသင်းအုပ်ဆရာတော်တစ်ပါးကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်စဉ်အပြီးတွင် ထန်တလန်မြို့နေပြည်သူအများစု မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ထိုကြောင့်ယခုအခါ ထန်တလန်မြို့ပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက တပ်စွဲထားပြီး ပြည်သူများအိမ်များကို ဖောက်ထွင်းခိုးယူနေခြင်းဖြစ်သည်။ CDF ကလည်း စစ်ကောင်စီတပ်က ဒေသခံပြည်သူလူထု၏ နေအိမ်များကို ဖောက်ထွင်းခိုးယူပါက တွေ့သည့်နေရာပစ်သတ်မည်ဖြစ် ကြောင်း သတိပေးထားသည်။

ဓာတ်ပုံ – GSCB

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။