Connect with us

Hi, what are you looking for?

သတင်း

ပေးဆပ်မှုအလွန်များသည့်တော်လှန်ရေးဖြစ်၍ အခက်အခဲများရှိသော်လည်း ဇွဲမလျှော့ဘဲတိုက်ဖျက်နေဟု NUGဝန်ကြီးချုပ် ပြော

လူတစ်ခုက အာဏာရူးပြီးစိတ်ထင်တိုင်းကြဲနေ၍ ပေးဆပ်မှုအလွန်များသည့် တော်လှန်ရေးဖြစ်နေရာများစွာ စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပြီး တော်လှန်ရေး မည်မျှပင်ခက်ခဲသည်ဖြစ်စေ ဇွဲမလျှော့ဘဲ ကြိုးပမ်းနေကြကြောင်း အသိပေးသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် ၂၀၂၄ နှစ်ကုန်ပိုင်းက PDFသင်တန်းကျောင်းတစ်ခုသို့ သွားရောက်၍ ရဲဘော်များနှင့် တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - NUG

ဟန်နွေ/People’s Spring

လူတစ်ခုက အာဏာရူးပြီးစိတ်ထင်တိုင်းကြဲနေ၍ ပေးဆပ်မှုအလွန်များသည့် တော်လှန်ရေးဖြစ်နေရာများစွာ စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပြီး တော်လှန်ရေး မည်မျှပင်ခက်ခဲသည်ဖြစ်စေ ဇွဲမလျှော့ဘဲ ကြိုးပမ်းနေကြကြောင်း အသိပေးသည်။

ယမန်နေ့ (ဇန်နဝါရီ ၂၁ရက်)က ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လူတစ်စု အာဏာရူးပြီး စိတ်ထင်တိုင်းလုပ်ခဲ့ကြတဲ့ အကျိုးဆက်ရဲ့နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်ရဲ့ လူမှုယန္တရားတခုလုံး ပြိုကျပျက်စီးသွားခဲ့ရတာ အတော်စိတ်မကောင်းဖြစ်ရပါတယ်။ ဒီတော်လှန်ရေးဟာ သမိုင်းတစ်လျှောက် တော်လှန်ရေးတွေနဲ့ယှဥ်ရင် အားရကျေနပ်စရာတွေ အများကြီးရရှိခဲ့တယ်ဆိုပေမယ့် ပေးဆပ်ခဲ့ရမှု တွေလည်း အလွန်များတဲ့ တော်လှန် ရေးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတခါတော့ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နိုင်ဖို့လည်း ကျွန်တော်တို့အားလုံး ခုချိန်ထိ ဘယ်လောက်အခက်အခဲရှိရှိ ဇွဲမလျော့ကြပဲ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင်လည်း စစ်ကောင်စီအနေဖြင့်လည်း သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးအခြေအနေများ ရင်ဆိုင်နေရပြီး အကြမ်းဖက်စစ်အုပ်စုသည် ရနိုင်သမျှနည်းလမ်းများသုံးကာ ထွက်ပေါက်ရှာနေမည်ဟု ဝန်ကြီးချုပ်က ပြောသည်။

“သူတို့ပြောတဲ့ ရွေးကောက်ပွဲဆိုတာ သူတို့အတွက် အကောင်းဆုံးထွက်ပေါက်တစ်ခုလို့ ယုံကြည်ထား ပုံပေါ်ပါတယ်။ အဲ့ဒီအချိန်အထိလည်း ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းမှန်သမျှ အသုံးပြုပြီး ပြည်သူတွေကို စိတ်ရော၊ ကိုယ်ပါ ဒုက္ခပေးသွားမယ့်ပုံပါပဲ။ နေရာတိုင်းမှာ ရှုံးပွဲပေါ်နေပေမယ့် သူ့အတွက် အသေခံပေးနိုင်ဖို့ ပြည်သူတွေကို အဓမ္မစုဆောင်းပြီး လုံလောက်တဲ့လေ့ကျင့်မှုမျိုးတောင်မရပဲ စစ်မြေပြင် စီကို တွန်းပို့နေတာ ဖြစ်ပါတယ်။ ဒီလတွေမှာ လူငယ်လူလတ်တွေကို တွေ့တဲ့နေရာမှာ တွေ့သလို ပေါ်တာ ဆွဲတာတွေလည်း အတော်လေးကြားရတာကြောင့် အင်မတန် စိတ်မကောင်းဖြစ်ရပါတယ်”ဟု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေး စက်မှုဇုန်များမှ အလုပ်သမားစာရင်းများကို စစ်ကောင်စီက ထပ်မံ ကောက်ခံနေသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

“အခုဆို အလုပ်ရှင်တွေလည်း ဝန်ထမ်းအခက်အခဲ၊ မီးအခက်အခဲ၊ ကုန်စျေးနှုန်း အခက်အခဲတွေနဲ့ အတော်ကို ရုန်းကန်နေကြရတဲ့ အခြေအနေ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

ပြည်ထောင်စုဝန်ကြီးချုပ်၏ ယမန်နေ့ အစိုးရအဖွဲ့ အစည်းအဝေးမိန့်ခွန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရအတွင်း ဝန်ကြီးဌာနအချင်းချင်း တိုင်ပင်ဆွေးနွေးမှုများ၊ တော်လှန်ရေးမဟာမိတ်အင်အားစုအသီးသီးနှင့် တိုင်ပင်ဆွေးနွေးမှုများသည် များစွာ အရေးကြီးကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထိုသို့ တွေ့ဆုံရာ၌ ရလဒ်ထွက်ရန် ပိုအရေးကြီးသည်ဟု ဆိုသည်။

“အစည်းအဝေးတွေထိုင်ရင်း အချိန်ကုန်ကြရတော့မယ့် ကာလမဟုတ်တာကြောင့် တွေ့ဆုံမှုတိုင်းကို ရလဒ်ကောင်းကောင်းထွက်အောင် ကြိုးစားကြပြီး ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အောင်မြင်တဲ့ လုပ်ဆောင်မှုတွေအဖြစ် ပြောင်းလဲနိုင်တဲ့အထိ အားထုတ်ကြရမှာဖြစ်ပါတယ်”ဟုလည်း ဝန်ကြီးချုပ်က ပြောကြားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။