Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများသွားလာနေသည့်နေရာများ မြေမြှုပ်မှိုင်းအသုံးပြုမှုကို ရှုတ်ချကြောင်း တနင်္သာရီတွင် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) အဖွဲ့ဝင်အချို့မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့်အရပ်သားပြည်သူများ သွားလာလှုပ်ရှားနေသည့် နေရာများ၌ မြေမြှုပ်မှိုင်းအသုံးပြုမှုကို ကန့်ကွက်ရှုတ်ချကြောင်း ယ​နေ့ (ဇန်နဝါရီ ၂၃) ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - DDMSC

သုည/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC) အဖွဲ့ဝင်အချို့မှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့်အရပ်သားပြည်သူများ သွားလာလှုပ်ရှားနေသည့် နေရာများ၌ မြေမြှုပ်မှိုင်းအသုံးပြုမှုကို ကန့်ကွက်ရှုတ်ချကြောင်း ယ​နေ့ (ဇန်နဝါရီ ၂၃) ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ပြည်သူအာဏာ ပြည်သူပြန်ပေး” ၊ “စားကျက်ပြည်သူ မဟုတ်ရပေ၊ အကြမ်းဖက်နေတာ ငါတို့မလိုဘူး” ဆိုသည့် ပိုစတာများ ကိုင်ဆောင်ပြီး ထားဝယ်မြို့နယ်၊ ရှေ့တောဒေသတစ်နေရာ၌ ဆန္ဒထုတ်ဖော်ခဲ့​ကြသည်။

လက်ရှိပဋိပက္ခကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့များအပြင် တော်လှန်ရေးတပ်ဖွဲ့အချို့ကပါ အရပ်သားပြည်သူများ သွားလာလှုပ်ရှားမှုရှိသည့်နေရာများ၌ မြေမြှုပ်မှိုင်းအသုံးပြုပြီး တိုက်ခိုက်နေကြသည့်အတွက် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသည့် ပြည်သူများနှင့် အသက်ဆုံးရှုံးခဲ့ရသူ အများအပြားရှိလာကြောင်း DDMSC က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စံချိန်တင်မိုးရွာပြီးတဲ့နောက်ဆိုးရွားတဲ့ရေဘေးကြုံတွေ့ခဲ့တဲ့တနင်္သာရီတိုင်းမှာရေ‌ဘေးကြုံပြီး ရက်သတ္တပတ်နှစ်ပတ်​ကျော်အကြာမှာပဲ အပူချိန်စံချိန်သစ်တင်ခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

သတင်း

တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီတွေ ဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေအတွင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပူးပေါင်းဆောင်ရွက်နေတယ်လို့ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ရေစကြို-ပခုက္ကူလမ်းပိုင်းမှာ စစ်တပ်က မြေမြုပ်နင်းမိုင်းတွေ ထောင်ထားတယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ဒီကနေ့ ထုတ်ပြန်ပါတယ်။