Connect with us

Hi, what are you looking for?

သတင်း

ရွှေ့ပြောင်းလုပ်သား မိသားစု မြန်မာကလေးတွေအတွက် ကျောင်းဖွင့်ထားတဲ့ ဘုရားကျောင်းကို ထိုင်းရဲတပ်ဖွဲ့ စီးနင်း

မြန်မာ ကျောင်းသားတွေကို လက်ခံ သင်ကြားပေးနေတဲ့ တရားမဝင် ကျောင်းတစ်ခု ဖွင့်လှစ်ထားတယ်ဆိုတဲ့စွပ်စွဲချက်အတွက် ခရစ်ယာန် ဘုရားကျောင်းတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကစီးနင်းစစ်ဆေးခဲ့ပါတယ်။

က​လေးငယ်​တွေကို စာသင်ကြား​ပေး​နေတဲ့ ဘုရား​ကျောင်းကိုထိုင်းရဲ​တွေ ဝင်​ရောက်စီးနင်းစဥ်။ ဓါတ်ပုံ-Khaosod

မြန်မာ ကျောင်းသားတွေကို လက်ခံ သင်ကြားပေးနေတဲ့ တရားမဝင် ကျောင်းတစ်ခု ဖွင့်လှစ်ထားတယ်ဆိုတဲ့စွပ်စွဲချက်အတွက် ခရစ်ယာန် ဘုရားကျောင်းတစ်ခုကိုထိုင်းရဲတပ်ဖွဲ့ကစီးနင်းစစ်ဆေးခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက်နေ့တုန်းက ဆူရတ်ဌာနီမှာရှိတဲ့ ဖန်ဂန် ရဲတပ်ဖွဲ့ဟာ ခိုဖန်ဂန်ခရိုင်၊ ဖန်ဂန်ခရိုင်ခွဲမှာ ဖွဲ့စည်းပါဝင်တဲ့ ဖန်ဂန်နိုင်ငံတကာ ခရစ်ယာန် ဘုရားကျောင်းကို ဝင်ရောက် စစ်ဆေးခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီအခါမှာစာသင်နေတဲ့မြန်မာကျောင်းသူကျောင်းသား ၁၉၀ ကျော်နဲ့ မြန်မာ သင်ကြားရေးဝန်ထမ်း ၄ ဦးကို ရှာတွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဘုရားကျောင်းမှာ ဖွင့်ထားတဲ့ ကျောင်းဖက်ကတော့ ကလေးတွေရဲ့ မိဘတွေဟာ ခိုဖန်ဂန်မှာ ရှိနေတဲ့ ရွှေ့ပြောင်း လုပ်သားတွေဖြစ်ပြီး မိဘ​တွေအလုပ်ချိန်အတွင်းကလေးတွေကိုမစောင့်ရှောက်နိုင်တဲ့အတွက် အဲဒီကျောင်းမှာ လာထားကြတာလို့ ပြောပါတယ်။ ကျောင်းက ကလေးတစ်ဦးစီအတွက် တစ်လကို ဘတ် ၃၀၀ နဲ့ ၅၀၀ ကြားကောက်ခံတယ်လို့လည်း သိရပါတယ်။

ဖန်ဂန် ရဲတပ်ဖွဲ့က အခုကိစ္စနဲ့ ဆက်နွှယ်သူ အားလုံးဟာ ခွင့်ပြုချက် မရဘဲ ကျောင်းတစ်ကျောင်းကို တရားမဝင် ဖွင့်လှစ်ထားမှု၊ အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ နိုင်ငံခြားသားတွေကို အလုပ်ပေးထားမှုတွေအတွက် တရားစွဲဆို ခံရမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ဟာမြန်မာသင်ရိုးဖတ်စာအုပ် ၃၁ အုပ်ကိုလည်း သက်သေခံတွေအဖြစ်သိမ်းယူခဲ့တယ်လို့ဆိုပါတယ် ။ ဖြစ်စဉ်နဲ့ ဆက်စပ်သူတွေကို ခိုဖန်ဂန် ရဲစခန်းဆီ ပို့ဆောင်ထားကြောင်းလည်း သိရပါတယ်။

ကိုးကား -Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေယာဉ်ပေါ်မှာ ခိုးမှုကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်အတွက် တရုတ်နိုင်ငံသား တစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်း

တရားမဝင်ရွှေ့ပြောင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မြန်မာ ၃၅ဦးနဲ့သူတို့ကို လက်ခံထားတဲ့ မြန်မာအိမ်ရှင်ကိုဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အကူအညီ တောင်းခဲ့တဲ့ နိုင်ငံခြားသူကို မုဒိမ်းကျင့်ခဲ့ကြောင်း စွပ်စွဲမှုအတွက် ဖူးခက်မှာ ယာဉ် မောင်း တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

အထောက်အထားမဲ့ ရွှေ့ပြောင်း အခြေချသူတွေ လိုက်ပါလာတဲ့ ကားတစ်စီးရဲ့ မြန်မာယာဉ်မောင်းကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းအဝေးပြေးလမ်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။