Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒေါ်လာ ၂ သန်း ထီဆုကို ၂ ကြိမ် ပြန်ပေါက်တဲ့ အမျိုးသား

ထီလက်မှတ်ကို သေချာ သိမ်းထားပေမယ့် စိတ်ပူနေခဲ့မိကြောင်း၊ မတော်တဆ အိမ်မီးလောင်သွားတာမျိုးတွေ ဖြစ်လို့ ထီလက်မှတ်ပါ ပါသွားမှာကို စိုးရိမ်နေမိကြောင်း အဲဒီ အမျိုးသားက ပြောပါတယ်။

အမေရိကန်က အမျိုးသား နှစ်ဦးဟာ ဒေါ်လာ ၂ သန်း ထီဆုကို ၂ ကြိမ် ပေါက်ခဲ့ကြောင်း သိရပါတယ်။

မေရီလန်းမှာ နေထိုင်တဲ့ အငြိမ်းစား ဝန်ထမ်း တစ်ဦးဟာ နေအိမ်နားမှာရှိတဲ့ Exxon ထီဆိုင်ကနေ ထီလက်မှတ် နှစ်စောင်ကို ဝယ်ယူခဲ့ပါတယ်။ ထီဖွင့်တဲ့ အခါမှာတော့ ပထမ တစ်စောင်ကနေ ဒေါ်လာ ၁၀၀ ထီပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယ ထီလက်မှတ်ကို နံပါတ်တိုက်ကြည့်တဲ့ အခါမှာတော့ သူအရမ်း အံ့ဩသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်လာ ၂ သန်းတန် ပေါက်မဲနံပါတ် ဖြစ်နေလို့ပါပဲ။

မီဒီယာတွေက နာမည်ဖော်မပြတဲ့ အဲဒီ အမျိုးသားဟာ ဒီလို ပျော်ရွှင်မှုမျိုးကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကလည်း ခံစား ရရှိဖူးပါတယ်။ သူဟာ အမေရိကန်မှာ ကပ်ရောဂါ ကူးစက်မှုတွေ ဆိုးရွားနေချိန်က ဒုတိယအကြိမ် ထီပေါက်တာ ဖြစ်ပြီး ထီလက်မှတ်ကို ဆုငွေ သွားမထုတ်ဘဲ သိမ်းထားခဲ့ပါတယ်။ နောက်တော့ ဆုငွေ ထုတ်ရမယ့်ရက် ကုန်ခါနီးမှ ရောဂါ ကူးစက်မှုတွေလည်း လျော့ပါးသွားတဲ့အတွက် ငွေသွားထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုငွေ ထုတ်ရမယ့် နောက်ဆုံးရက်က နိုဝင်ဘာ ၁ ရက်မှာပါ။

ထီလက်မှတ်ကို သေချာ သိမ်းထားပေမယ့် စိတ်ပူနေခဲ့မိကြောင်း၊ မတော်တဆ အိမ်မီးလောင်သွားတာမျိုးတွေ ဖြစ်လို့ ထီလက်မှတ်ပါ ပါသွားမှာကို စိုးရိမ်နေမိကြောင်း အဲဒီ အမျိုးသားက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ပထမအကြိမ် ဒေါ်လာ ၂ သန်းထီ ပေါက်တုန်းကတော့ အငြိမ်းစား ယူပြီးရင် မိသားစုနဲ့အတူ အပန်းဖြေ ခရီးထွက်တဲ့အခါ ဒီပိုက်ဆံတွေကို သုံးစွဲမယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူအငြိမ်းစား ယူပြီးချိန်မှာ ကိုဗစ်ဂယက်ကြောင့် ခရီးသေချာ မထွက်ဖြစ်သေးဘဲ နောက်တစ်ကြိမ် ဒေါ်လာ ၂ သန်းထီ ထပ်ပေါက်ခဲ့တာပါ။

သူ့အနေနဲ့ ဘာကြောင့် ဒီလောက် ကံကောင်းရသလဲ ဆိုတာကိုတော့ မပြောတတ်ဘူးလို့ အဲဒီ အမျိုးသားက ပြောပါတယ်။ ဒါပေမဲ့ ထီထိုးတဲ့အခါ အပျော်သဘောလောက်ပဲ သတ်မှတ်ပြီး ပေါက်တာ၊ မပေါက်တာတွေ သိပ်အလေးမထားရင် ပိုကောင်းတယ်လို့တော့ အကြံပြုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။