Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် အ​မြောက်တပ်သိမ်းပိုက်ရရှိမှု KIA အတည်ပြု ၊ တိုက်ပွဲဆက်လက်ပြင်းထန်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်ဖေ​ဖော်ဝါရီ ၃ ရက်​​နေ့၌ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဗန်း​မော်​လေယာဥ်ကွင်းသိမ်းပိုက်ပြီး​နောက် KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ​အောင်ပွဲခံစဥ်။ ဓါတ်ပုံ-ကချင်တောင်တန်း

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင်ဖေ​ဖော်ဝါရီ ၃ ရက်​​နေ့၌ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့က ဗန်းမော် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁)အနီးရှိ အမြောက်တပ်(၃၆၆) တပ်ရင်း အား KIA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိမှု အခြေအနေ မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူက အမြောက်တပ် သိမ်းရကြောင်း အတည်ပြုသည်။ ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း အသိပေးသည်။

“ဗန်းမော်ဘက်က အမတ (၃၆၆) အမြောက်တပ်ကိုတော့ မနေ့က ညနေပိုင်း ၄နာရီ မိနစ် ၄၀အချိန်မှာ သိမ်းတာရှိပါတယ်။ဒါပေမဲ့ အဲဒီဘက်မှာ ဒီနေ့ကတော့ ပိုပြီးမှ တိုက်ပွဲက ဆက်ဖြစ်ပါတယ်။ စကခ (၂၁) ဘက်ကနေမြေပြင်ထိုးစစ်ဆင်မှုရှိပါတယ်။ ဒါကြောင့် အဲဒီအမတ(၃၆၆)နေရာ ပတ်

Public Service Announcement

Public Service Announcement

ဝန်းကျင်နဲ့ ခလရ(၂၃၆) ပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲပြင်းထန်ပါတယ်။ လေကြောင်းကလည်း အဆက်မပြတ် ဗုံးကြဲတဲ့ တိုက်ပွဲတွေရှိပါတယ်။” ဟုဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်စစ်ရေး လေ့လာသူ ဦးဇော်ဆန်ကလည်း ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ဒရုန်းများ အသုံးပြုခုခံလျက်ရှိကြောင်း ပြောသည်။

“မြေပြင်မှာလည်း စစ်ကောင်စီကတော့ စကခ(၂၁)နဲ့ ခလရ(၄၇) အဲဒီ သူတို့ တပ်တွင်းကနေဒရုန်းတွေ တောက်လျှောက်လွှတ်ပြီးမှ ဒရုန်းစစ်ဆင်ရေး တောက်လျှောက်လုပ်နေတော့ ဒီဘက်က တော်လှန်ရေးတပ်ဖွဲ့တွေလည်း မဟာဗျူဟာ၊ဗျူဟာသစ်တွေနဲ့ ထပ်ပြီးတော့ ထိုးစစ်ဆင်နေတယ်လို့ သတင်းရရှိထားပါတယ်။ “ ဟု ဦးဇော်ဆန်က ပြောသည်။

KIA ဦး​တောင်သည့်ပူး​ပေါင်းတပ်သည် ဗန်းမော်ကိုကို ဒီဇင်ဘာ ၄ရက်မှစ၍ မြို့သိမ်းစစ်ဆင်ရေး ဆင်နွှဲခဲ့ရာ တိုက်ပွဲ ၂လ ကြာမြင့်နေပြီဖြစ်သည်။ ဗန်းမော်မြို့ ဧရိယာအများစုကို ရှင်းလင်းထားနိုင်သကဲ့သို့ သံချပ်ကာတပ်ရင်း၊ စရဖတပ်၊အ

မြောက်တပ်၊လေယာဉ်ကွင်း ၊ လျှပ်စစ် နှင့် စက်မှု အင်ဂျင်နီယာတပ် စသည်တို့ကို သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ပိုပြုလုပ်လာလို့ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ဒီကနေ့ အောက်တိုဘာ ၇ရက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ် ချီဖွေမြို့နယ်၊ပန်ဝါဒေသကတရုတ်ကုမ္ပဏီပိုင် ယမ်းဂိုဒေါင်ပေါက်ကွဲမှုဖြစ်ပြီး ၇ ဦးသေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Trending

Facebook