Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့မှာ ​​ဈေးလာဝယ်သူ​နဲ့ကားသမား​​တွေကိုပါ စစ်​ကောင်စီက ​ပေါ်တာဆွဲ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အတွင်းစျေးဝယ်လာသူတွေ နဲ့ ကားသမားတွေကိုစစ်တပ်နဲ့ပျူ​စောထီး​တွေက အဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အတွင်းစျေးဝယ်လာသူတွေ နဲ့ ကားသမားတွေကိုစစ်တပ်နဲ့ပျူ​စောထီး​တွေက အဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

ဖေဖော်ဝါရီလ၃ရက်နေ့ က ဇီးကုန်းမြို့အတွင်းကိုစစ်ကောင်စီနဲ့ပျူစောထီးတွေက ပူးပေါင်းပြီးစျေးဝယ်လာသူတွေ၊ကားသမားတွေနဲ့ မြို့ခံတချို့ကိုဖမ်းဆီးသွားတာလို့သိရပါတယ်။

“မနေ့ကထန်းကုန်းတိုက်နယ်ထဲမှာ စကစစစ်ကြောင်းအတိုက်ခံရတယ်လေ။အဲတာဖြစ်ပြီးတော့မြို့ထဲရှုပ်ရှုပ်ထွေး​ထွေးဖြစ်ပြီး လူတွေပေါ်တာအဆွဲခံရတာ “လို့ ဇီးကုန်းတိုက်နယ်ပကဖတာဝန်ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

မွန်းလွဲ ၂နာရီခွဲလောက်မှာလည်းဇီးကုန်းမြို့ရဲ့ အနောက်မြောက်ဘက်က သပိတ်မှောက်ရွာကိုလည်း စစ်တပ်နဲ့ပျူစောထီးတွေကမီးဝင်ရှို့သွားခဲ့သေးတယ်လို့သိရပါတယ်။

ဒါ့အပြင်ဇီးကုန်းမြို့ကို ဇန်နဝါရီလ၂၉ရက်နေ့ ကမနက်အစောပိုင်းကတည်းက ကန့်ဘလူ ၆၀၀၆ တပ်ကအင်အား၁၀၀၊မြို့ခံရဲတွေနဲ့ ပျူစောထီးအင်အားအများအပြားဟာ မြို့အဝင်အထွက်ပိတ်ကာ တအိမ်ဝင်တအိမ်ထွက် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးပေါ်တာဆွဲခံရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့လူစာရင်းကို ပြန်လည်စိစစ်ရာမှာ အမျိုးသမီး၄ဦး နဲ့ အမျိုးသား၁၂ဦး၊စုစုပေါင်း၁၆ဦးဖမ်းဆီးခံရပြီး အဲဒီလူတွေကို အမှတ်၁သကြားစက်ရုံက​နေ ၆၀၀၆တပ်ထဲကိုပို့လိုက်ပြီလို့လည်းစုံစမ်းသိရပါတယ်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ နည်းဥပ​ဒေကို ဇန်နဝါရီလ ၂၀ မှာထပ်မံထုတ်ပြန်ပြီး နိုင်ငံတဝန်းစစ်သားသစ်စု​ဆောင်းတာ​တွေ၊​ပေါ်တာဆွဲတာ​တွေ ​ငွေညှစ်တာ​တွေကိုအဓမ္မပြုလုပ်​နေပါတယ်။

လူငယ်​တွေကို စစ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးသင်တန်း​ပေး​နေတာဟာ အခုဆိုရင် အပါတ်စဥ်၉ ရှိ​နေပြီး ၁၀ အတွက်စု​ဆောင်း​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။