Connect with us

Hi, what are you looking for?

သတင်း

ဇီးကုန်းမြို့မှာ ​​ဈေးလာဝယ်သူ​နဲ့ကားသမား​​တွေကိုပါ စစ်​ကောင်စီက ​ပေါ်တာဆွဲ

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အတွင်းစျေးဝယ်လာသူတွေ နဲ့ ကားသမားတွေကိုစစ်တပ်နဲ့ပျူ​စောထီး​တွေက အဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ဇီးကုန်းမြို့အတွင်းစျေးဝယ်လာသူတွေ နဲ့ ကားသမားတွေကိုစစ်တပ်နဲ့ပျူ​စောထီး​တွေက အဓမ္မဖမ်းဆီးပေါ်တာဆွဲခဲ့တယ်လို့ ​​ဒေသခံအချို့က​ပြောပါတယ်။

ဖေဖော်ဝါရီလ၃ရက်နေ့ က ဇီးကုန်းမြို့အတွင်းကိုစစ်ကောင်စီနဲ့ပျူစောထီးတွေက ပူးပေါင်းပြီးစျေးဝယ်လာသူတွေ၊ကားသမားတွေနဲ့ မြို့ခံတချို့ကိုဖမ်းဆီးသွားတာလို့သိရပါတယ်။

“မနေ့ကထန်းကုန်းတိုက်နယ်ထဲမှာ စကစစစ်ကြောင်းအတိုက်ခံရတယ်လေ။အဲတာဖြစ်ပြီးတော့မြို့ထဲရှုပ်ရှုပ်ထွေး​ထွေးဖြစ်ပြီး လူတွေပေါ်တာအဆွဲခံရတာ “လို့ ဇီးကုန်းတိုက်နယ်ပကဖတာဝန်ခံကပြောပါတယ်။

Public Service Announcement

Public Service Announcement

မွန်းလွဲ ၂နာရီခွဲလောက်မှာလည်းဇီးကုန်းမြို့ရဲ့ အနောက်မြောက်ဘက်က သပိတ်မှောက်ရွာကိုလည်း စစ်တပ်နဲ့ပျူစောထီးတွေကမီးဝင်ရှို့သွားခဲ့သေးတယ်လို့သိရပါတယ်။

ဒါ့အပြင်ဇီးကုန်းမြို့ကို ဇန်နဝါရီလ၂၉ရက်နေ့ ကမနက်အစောပိုင်းကတည်းက ကန့်ဘလူ ၆၀၀၆ တပ်ကအင်အား၁၀၀၊မြို့ခံရဲတွေနဲ့ ပျူစောထီးအင်အားအများအပြားဟာ မြို့အဝင်အထွက်ပိတ်ကာ တအိမ်ဝင်တအိမ်ထွက် စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးပေါ်တာဆွဲခံရတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့လူစာရင်းကို ပြန်လည်စိစစ်ရာမှာ အမျိုးသမီး၄ဦး နဲ့ အမျိုးသား၁၂ဦး၊စုစုပေါင်း၁၆ဦးဖမ်းဆီးခံရပြီး အဲဒီလူတွေကို အမှတ်၁သကြားစက်ရုံက​နေ ၆၀၀၆တပ်ထဲကိုပို့လိုက်ပြီလို့လည်းစုံစမ်းသိရပါတယ်။

စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ နည်းဥပ​ဒေကို ဇန်နဝါရီလ ၂၀ မှာထပ်မံထုတ်ပြန်ပြီး နိုင်ငံတဝန်းစစ်သားသစ်စု​ဆောင်းတာ​တွေ၊​ပေါ်တာဆွဲတာ​တွေ ​ငွေညှစ်တာ​တွေကိုအဓမ္မပြုလုပ်​နေပါတယ်။

လူငယ်​တွေကို စစ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးသင်တန်း​ပေး​နေတာဟာ အခုဆိုရင် အပါတ်စဥ်၉ ရှိ​နေပြီး ၁၀ အတွက်စု​ဆောင်း​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဖေဖော်ဝါရီ ၉)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၈ရက်)မှာ အသီးသီးချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင်ကိုင်းပြည်သူ့စစ်ရွာမှ ပျူစောထီးတွေနဲ့ အရာရှိစစ်သည်တွေ လက်နက်ချအလင်းဝင်ဖို့ ဖိတ်ခေါ်ထားပြီး အလင်းမဝင်ရင် ထိရောက်စွာအရေးယူသွားမယ်လို့ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ရာအိမ်မှုး အမျိုးသား တစ်ဦး စစ်တပ်လက်ဝေခံ ပျုစောထီး အဖွဲ့ဝင်တွေ ဝိုင်းရိုက်ခံရပြီး သေဆုံးသွားတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။