Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၊ PNOတပ်များက လက်နက်ကြီးဖြင့်ပစ်ခတ်၍ ညောင်ရွှေမြို့နယ်ရှိ စစ်ရှောင်သုံးဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံစစ်ရှောင် သုံးဦး သေဆုံးခဲ့ရကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

ဟန်နွေ/People’s sPring

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံစစ်ရှောင် သုံးဦး သေဆုံးခဲ့ရကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၅ရက်) နံနက်တွင် စကားအင်း အနောက်ဘက်ခြမ်း မိုးဦးရွာ၊ သစ်ပင်ကောက်ရွာရှိ စစ်ကောင်စီနှင့် PNO တပ်များက အင်းအရှေ့ဘက်ခြမ်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ညောင်ရွှေမြို့နယ် လွယ်နွဲ့ရွာစစ်ရှောင်စခန်းမှ ပြည်သူများ ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီနေ့ကတော့ အင်းအနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးဦးရွာ၊ သစ်ပင်ကောက်ရွာမှာရှိတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးနဲ့ ပစ်လို့ အင်းအရှေ့ဘက်ခြမ်း ဘုရားတောင်စစ်ရှောင်စခန်းမှာ ရှိနေတဲ့ ပအိုဝ်းပြည်သူ ၃ဦးက အသက်သေဆုံးသွားပါတယ်” ဟု ပအိုဝ်းဒေသခံက ပြောသည်။ထို့ပြင် ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု ပအိုဝ်းဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်ကလည်း စစ်ကောင်စီနှင့် PNO တို့၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် စစ်ရှောင်များ အပါအဝင် ပအိုဝ်းဒေသခံ ပြည်သူလူထုသေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ကရင်နီနှင့် ရှမ်းအစပ် ပအိုဝ်းဒေသတွင် ကရင်နီ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားနေသကဲ့သို့ ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင်လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နှင့် စစ်ကောင်စီအကြားတိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဆီဆိုင်မြို့နယ်တိုက်ပွဲများ၌လည်း စစ်ကောင်စီက အင်အားအလုံးအရင်းသုံး ထိုးစစ်ဆင်မှု၊ လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှုများကြောင့် ဒေသခံများ ထောင်ချီစစ်ရှောင်နေကြရပြီး အရပ်သားထိခိုက်သေဆုံးမှု ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း PNLA၏ ယခင်ထုတ်ပြန်ချက်များ၌ တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။