Connect with us

Hi, what are you looking for?

News

အမေရိကန်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာ့အရေးကို ထည့်သွင်းဆွေးနွေး

မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်-တရုတ် နှစ်နိုင်ငံစလုံးက အာဆီယံအဖွဲ့ကို ဗဟိုပြုထား ပြီး အာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကိုအမြန်ဆုံးအကောင်အထည် ဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့ အရေးကိုလည်း ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃၁ ရက်က G-20 ညီလာခံကျင်းပနေတဲ့ အီတလီ၊ ရောမမြို့မှာ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး မြောက်ကိုရီးယား၊ မြန်မာ၊ အီရန်၊ အာဖဂန်နစ္စတန်နဲ့ ရာသီဥတုအကျပ်အတည်းအပါအဝင် အမေရိကန်-တရုတ် နှစ်နိုင်ငံအကျိုးစီးပွား ကန့်သတ်ချက်တွေနဲ့ အတူလုပ်ဆောင်နိုင်မယ့် နယ်ပယ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်-တရုတ် နှစ်နိုင်ငံစလုံးက အာဆီယံအဖွဲ့ကို ဗဟိုပြုထား ပြီး အာဆီယံခေါင်းဆောင်တွေချမှတ်ခဲ့တဲ့ ဘုံဆုံးဖြတ်ချက် ၅ ရပ်ကိုအမြန်ဆုံးအကောင်အထည် ဖို့တိုက်တွန်းထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးညီလာခံမှာ အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို အစည်းအဝေးမတက်ရောက်စေဖို့ဆုံးဖြတ်ချက်ကို အမေရိကန်က ကြိုဆိုထောက်ခံကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကိုအမြန်ဆုံးပြန်လှည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်က အာဆီယံရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ တစုံတရာထုတ်ဖော်ပြောကြားခြင်းမရှိပေမယ့် မင်းအောင် လှိုင်ကို တက်ရောက်ခွင့်မပေးခဲ့တဲ့အပေါ် နှုတ်ဆိတ်နေတာဟာ သဘောတူထောက်ခံတဲ့သဘောသက်ရောက်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ချင်မင်းဆက်အပေါ် ဝေဖန်ပြစ်တင်မှုများက ကွန်မြူနစ်ပါတီကို အဘယ်ကြောင့် ထိတ်လန့်စေသနည်း

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။