Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းမှာအဓမ္မခိုင်းစေ၊ နှိပ်စက်ခံရတဲ့ ကင်ညာနိုင်ငံသား ထိုင်းနိုင်ငံဆီထွက်ပြေးလွတ်မြောက်

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တစ်ခုမှာညှင်းပန်းနှိပ်စက်ခိုင်းစေခံရတဲ့ ကင်ညာနိုင်ငံသား တစ်ဦးဟာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးပြီး ထိုင်းအာဏာပိုင်တွေဆီ အကူအညီတောင်းခံခဲ့ကြောင်းထိုင်းမီဒီယာ​တွေက​ဖော်ပြပါတယ်။

ကျားဖြန့်လုပ်ငန်းက​နေ ထိုင်းနိုင်ငံကိုထွက်​ပြေးလွတ်​မြောက်ခဲ့တဲ့ ကင်ညာနိုင်ငံသားကို ထိုင်းရဲတပ်ဖွဲ့နဲ့အတူ ​တွေ့ရစဥ်။ ဓါတ်ပုံ- Assawin Pinitwong

People’s Spring

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တစ်ခုမှာညှင်းပန်းနှိပ်စက်ခိုင်းစေခံရတဲ့ ကင်ညာနိုင်ငံသား တစ်ဦးဟာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးပြီး ထိုင်းအာဏာပိုင်တွေဆီ အကူအညီတောင်းခံခဲ့ကြောင်းထိုင်းမီဒီယာ​တွေက​ဖော်ပြပါတယ်။

အသက် ၃၀ အရွယ် အမျိုးသားဟာ ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းက ဖော့ဖရားကို ရောက်လာပြီး ဒေသခံ ဆိုင်ရှင် တစ်ဦးကို ရဲတွေဆီ ပို့ပေးဖို့ အကူအညီ တောင်းခံခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံးမှာလည်း ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေခဲ့တယ်လို့ ဘန်​ကောက်ပိုစ်သတင်းစာကဆိုပါတယ်။

ရဲတွေနဲ့ တွေ့တဲ့ အခါမှာတော့သူကတရုတ် နိုင်ငံသားတွေ ပိုင်ဆိုင်ပြီး ဖုန်းဆက် ငွေလိမ်တဲ့ ကျားဖြန့်ဂိုဏ်းတစ်ခုမှာအလုပ်လုပ်ခဲ့ရကြောင်း၊ အလုပ်မလုပ်တဲ့ အခါမျိုးကျရင် ပြင်းပြင်းထန်ထန် နှိပ်စက် ခံရကြောင်း ထွက်ဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရဲတပ်ဖွဲ့ကနာမည် ဖော်မပြတဲ့ အမျိုးသားက သူဟာ မြဝတီမြို့နယ်ထဲကကျားဖြန့်ဂိုဏ်းတွေ လှုပ်ရှားရာ မြို့တစ်မြို့ကနေ ထွက်ပြေးလာတယ်လို့​ပြောပါတယ် ။တောင်တစ်လုံးကို ၅ နာရီလောက် အချိန်ယူ ဖြတ်သန်းပြီး နယ်စပ်ရောက်အောင် ၁၀ ကီလိုမီတာလောက် လမ်းလျှောက်လာခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။

သူက ထိုင်းမှာ လစာကောင်းကောင်း နဲ့ စားဖိုမှူး အလုပ်ရမယ်ဆိုတဲ့ ပြည်တွင်းအလုပ်ခေါ်စာတစ်စောင်ကို ယုံစားရာက အောက်တိုဘာ ၅ ရက်နေ့မှာ ထိုင်းကို ရောက်ခဲ့ကြောင်း ပြောပါတယ်။ ပြီးတော့ သူနဲ့အတူ တခြားကင်ညာ နိုင်ငံသား ၂ ဦးကို အေးဂျင့်တစ်ယောက်က ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်မှာ လာစောင့်နေခဲ့ပြီး မဲဆောက်ကို ခေါ်သွားခဲ့သလိုအဲဒီကနေတဆင့်နယ်စပ်ဖြတ်ပြီး မြန်မာဖက်ကို ဝင်ရောက်ခဲ့တယ်လို့လည်း သူက ရှင်းပြပါတယ်။

အဲဒီအချိန်ကစပြီး သူတို့ ၃ ယောက်လုံးဟာ ကျားဖြန့်ဂိုဏ်းအတွက် အလုပ်လုပ်ပေးဖို့ အဓမ္မ ခိုင်းစေခံခဲ့ရပြီး ငြင်းဆန်မိရင်ကျင်စက်နဲ့ တို့တာ၊ နံပါတ်တုတ်နဲ့ ရိုက်တာတွေ ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နောက်ပြီး သူ့ရဲ့ ဒဏ်ရာတွေကို ဖယောင်းရည်ပူနဲ့ လောင်းချတာမျိုးလည်း ခံခဲ့ရပါတယ်။

သူဟာ နယ်စပ်ထိ ခြေဗလာနဲ့ ထွက်ပြေးလာတာကြောင့်ခြေထောက်တွေရောင်ကိုင်းနေခဲ့တယ်လို့လည်း ထိုင်းရဲတွေက ဆိုပါတယ်။

အဲဒီအမျိုးသားရဲ့ထွက်ဆိုချက်အရသူအလုပ်လုပ်တဲ့ ကျားဖြန့် အလုပ်ရုံထဲမှာ လူ ၁၀၀၀ ဝန်းကျင်လောက် ရှိနိုင်ပြီး ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အီသီယိုးပီးယား၊ပါကစ္စတန် နဲ့ သီရိလင်္ကာ နိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါတယ်။ သူ့ကိုတော့ တရုတ်နိုင်ငံသားတွေက ထိန်းချုပ်ထားရာ နေရာတစ်ခုမှာ တခြား ကင်ညာနိုင်ငံသား ၂၂ ဦးနဲ့အတူ ထိန်းသိမ်းထားခဲ့ကြောင်းလည်း လွတ်မြောက်လာသူက ပြောပြခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။