Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမြို့အနီး တိုက်ပွဲပြင်းထန်လာ

ရခိုင်ပြည်နယ် မြို့နယ် ၊စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်(AA)က တိုက်ပွဲဆက်ပွားနေပြီးဖေဖော်ဝါရီလ (၁၁)ရက်​နေ့ ညမှာ စစ်တွေမြို့အဝင်အမြင့်ကျွန်းက စစ်ကောင်စီစခန်းအနီး တိုက်ပွဲ​တွေပြင်းထန်ခဲ့ပါတယ်။

စစ်​တွေမြို့ ကို​တွေ့ရစဥ်။ ဓါတ်ပုံ- Getty Images ၊ Asean Skyline

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ် မြို့နယ်၊စစ်တွေမြို့နယ်အတွင်း စစ်ကောင်စီတပ် နဲ့ အာရက္ခတပ်တော်(AA)က တိုက်ပွဲဆက်ပွားနေပြီးဖေဖော်ဝါရီလ (၁၁)ရက်​နေ့ ညမှာ စစ်တွေမြို့အဝင်အမြင့်ကျွန်းက စစ်ကောင်စီစခန်းအနီး တိုက်ပွဲ​တွေပြင်းထန်ခဲ့ပါတယ်။

စစ်တွေမြို့မှာ စစ်တပ်ကဘအခိုင်အမာတပ်စွဲထားတဲ့ ရွှေမင်းဂံ၊ ပါဒလိတ် ၊ အမြင့်ကျွန်း စတဲ့နေရာ​တွေကစစ်တပ်စခန်း​တွေကို AA က ဖေဖော်ဝါရီလဆန်းကစပြီး လက်နက်ကြီး​တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီရက်ပိုင်းမှာ​တော့ အမြင့်ကျွန်းကို AA ကအနီးကပ်တိုက်ခိုက်ခဲ့တာလို့ဒေသခံတစ်ဦးကပြောပါတယ် ။

စစ်​တွေမြို့ ကို​တွေ့ရစဥ်။ ဓါတ်ပုံ- Getty Images ၊ Asean Skyline

“မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ AAက ထိုးစစ်အရှိန်မြှင့်တဲ့သဘောပါ။ တိုက်ပွဲတွေက ပုံစံပြောင်းလာပါတယ်။ လက်နက်ကြီးတွေပစ်ခတ်နေရာကနေ အပြန်အလှန်တိုက်ပွဲဖြစ်တဲ့ပုံစံဖြစ်လာတယ်။ ရှေ့ဆက်ဘာတွေဖြစ်မယ်တော့ မခန့်မှန်းနိုင်ဘူး”ဟု ဒေသခံတဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

AAဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး စစ်တွေမြို့အနီးက စစ်ကောင်စီဂိတ်စခန်း​တွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်တွေမြို့အနီးဝန်းကျင် မှာ ပုဏ္ဏားကျွန်း၊ ပေါက်တော ၊ ရသေ့တောင် မြို့ ​တွေရှိပြီး အားလုံးကို AAက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ စစ်​ကောင်စီတပ်ကလည်း ပင်လယ်ကမ်းရိုးတန်းထွက်ပေါက် ရေလမ်းကြောင်းကို ပိတ်ဆို့ထားသလို စစ်​တွေမြို့တွင်းမှာလည်း ခံစစ်ပြင်ဆင်ထားပါတယ် ။

“ကျောက်တော်မှာ ရတဲ့ လက်နက်ကြီးတွေကို စစ်တွေမှာ AA ထုတ်သုံးနေပြီ”လို့ ရခိုင်စစ်ရေးလေ့လာသူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရသေ့တောင် မြို့နယ်​တွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားသေဆုံးမှုအချို့ရှိခဲ့ပါတယ်။

AAက ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်​တွေ ၊ ​​ကျောက်ဖြူ ၊မာန်​အောင် မြို့နယ်တို့ကိုပဲ သိမ်းပိုက်ဖို့ ကျန်​တော့တာဖြစ်ပါတယ်။

စစ်တွေမြို့မှာ အိန္ဒိယနိုင်ငံကရင်းနှီးမြှုပ်နှံထားတဲ့ ကုလားတန်စီမံကိန်းရှိပြီး အဲဒီစီမံကိန်း​တွေနဲ့ မြို့မထိခိုက်ဖို့အတွက် AAက စစ်ရေးကို ပါးပါးနပ်နပ်ပုံဖော်နေတာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းအချို့ကသုံးသပ်​ပြောကြားပါတယ်။

မြို့ခံ​တွေဟာ စစ်ဘေးတိမ်းရှောင်နေကြပြီဖြစ်​ပေမယ့်စစ်​ကောင်စီကစစ်​တွေမြို့ ဘေးပတ်ဝန်းကျင်ရွာ​တွေကဒေသခံ​တွေကိုမြို့တွင်းမှာနေရာချထားတာမျိုးရှိတယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်တပ်ရဲ့ ဒေသစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (ဒကစ -စစ်တွေ) လက်အောက်ခံတပ်ရင်း​တွေနဲ့ AAတို့ဟာ ကျားမသောက် ၊ကျောက်တန်းကြီး၊ ကျောက်တန်းချေ ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

စစ်တွေမြို့နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေနဲ့ပတ်သက်ပြီး​တော့ AAက အသေးစိတ်သတင်းမထုတ်ပြန်သေး​ပေမယ့် စစ်တွေမြို့အနီးဝန်းကျင်မှာ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊

ဒရုန်းပစ်ခတ်တိုက်ခိုက်မှု​တွေ နေ့တိုင်းရှိနေတယ်လို့ ဇန်နဝါရီလ၂၇ရက်နေ့က​နောက်ဆုံးထုတ်ပြန်အသိ​ပေးထားပါတယ်။

AAဟာ ဒီရက်ပိုင်းအတွင်းမှာ ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနယ်စပ်ဒေသ​တွေက စစ်ကောင်စီစခန်း​တွေကိုလည်းတိုက်ခိုက်​နေပါတယ်။

တပ်မ(၉၉)လက်အောက်ခံ အမှတ်(၉၉၂) နည်းဗျူဟာအဖွဲ့ ယာယီနည်းဗျူဟာမှူး ဒုဗိုလ်မှူးကြီးကျော်ကျော်သက် ဦး​ဆောင်တဲ့ စစ်သား ၃၆၀​ကျော်ပါစစ်​ကြောင်းကို AA က မ​ကွေးတိုင်းအစပ်မှာစစ်​ကြောင်းပျက်​အောင်တိုက်ခိုက်ပြီး ဒုဗိုလ်မှူးကြီးကျော်ကျော်သက်အပါအဝင်စစ်သား ၂၀ ​လောက်ကိုစစ်သုံ့ပန်းအဖြစ် ​​ဖေ​ဖော်ဝါရီ လဆန်းမှာဖမ်းဆီးနိူင်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က တပ်သား​တွေဟာ တိုက်ခိုက်လိုစိတ်နည်းပါးပြီး လေ့ကျင့်မှုအားနည်းသလို၊ စိတ်ဓာတ်အားနည်းမှု​တွေ ကြောင့် စစ်ရှုံး​နေတယ်လို့ AA ကဖမ်းဆီးထားတဲ့ ဒုဗိုလ်မှူးကြီးကျော်ကျော်သက်ကဝန်ခံပြောဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း ချင်းသတင်းရင်းမြစ်က ဒီကနေ့ ဇွန် ၂၄ရက်မှာ ပြောပါတယ်။

သတင်း

မကွေးတိုင်း၊စလင်းမြို့နယ်၊တညောင်ဒေသ တိုက်ပွဲအတွင်း စစ်တပ်က ထိခိုက်သေဆုံးသူတွေကို လာသယ်တဲ့ စစ်ကူရေယာဉ် ၂စီး ထပ်မံတိုက်ခိုက်ခံရတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook