Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း စစ်ရှောင်ပြည်သူများရှိရာ တောတိုက်များသို့ ကွင်းဆင်းကုသပေးနေသည့် ခဏတာအရိပ်ဆေးရုံတာဝန်ခံ ဆရာဝန်က လူထုနွေဦးသို့ ပြောသည်။

ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ရှောင်ပြည်သူများအား ခဏတာအရိပ်ဆေးအဖွဲ့မှ ကွင်းဆင်းကုသပေးနေစဥ်။ ဓာတ်ပုံ-ခဏတာအရိပ်

ကျော်ဇော/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းရှိ စစ်ဘေးရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း စစ်ရှောင်ပြည်သူများရှိရာ တောတိုက်များသို့ ကွင်းဆင်းကုသပေးနေသည့် ခဏတာအရိပ်ဆေးရုံတာဝန်ခံ ဆရာဝန်က လူထုနွေဦးသို့ ပြောသည်။

အဆိုပါရောဂါကို ခံစားနေရသူများမှာ တင်သားနှင့် ကုက္ကိုလ်ကျေးရွာမှ စစ်ရှောင်တဲစုများကို စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်၍ အဆောက်အအုံများ ထိခိုက်ပျက်စီးသည့်အပြင်

လူထိခိုက်သေဆုံးမှုများပါရှိခဲ့ပြီးနောက် တောတိုက်များသို့ အလျဥ်းသင့်သလို ထပ်မံရှောင်တိမ်းနေရသူများ ဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့က အထိုင်မလုပ်နိုင်သေးတာကြောင့် ကွင်းဆင်းကုသမှုပဲ လုပ်ပေးနေရပါတယ်။ ဝမ်းပျက်ဝမ်းလျှောကတော့ ကျွန် တော်တို့အဖွဲ့တွင်းမှာကို နှစ်ယောက်၊ သုံးယောက် ဖြစ်နေကြတာပါ။ ကြုံသလိုအိပ်၊ ကြုံသလိုစား၊ ကြုံရာရေသောက်ရတာတွေကြောင့်ပါ”ဟု ခဏတာအရိပ်ဆေးရုံ တာဝန်ခဆရာဝန်က လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် ဆေးရုံအဖွဲ့သားများ ကွင်းဆင်းကုသမှုမှတ်တမ်းများအရ တောတိုက်များရှိ စစ်ရှောင်တဲစု (၂)နေရာတွင် ဘေးသင့်ပြည်သူ ၁၀ ဦးကျော်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရသည်ကို တွေ့ရှိရပြီး နောက်ထပ်စာ ရင်းကောက်ယူရန်နှင့် ကွင်းဆင်းကုသရန် (၅)နေရာထက်မနည်း ကျန်ရှိနေသေးကြောင်း ၎င်းက ဆက်ပြောသည်။

တောတိုက်များအထိ ကွင်းဆင်း၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင်လည်း စစ်ရှောင်ပြည်သူအချို့မှာ စစ်ကောင်စီ၏ လေကြောင်းရန်ကြောင့် စုရပ်နေရာများသို့ မလာရဲဘဲ ကြောက်လန့်နေကြသဖြင့် ကုသမှုလက် လှမ်းမမီသည်များလည်း ရှိနေသည်ဟု ကွင်းဆင်းဆေးအဖွဲ့က ရှင်းပြသည်။

“ဟုတ်ပါတယ်။ တစ်ချို့က လူစုစုနဲ့ဆိုတော့ လာမပြရဲကြတာပါ”ဟု ကွင်းဆင်းဆေးအဖွဲ့ခေါင်းဆောင် ဆရာဝန်တစ်ဦးက ပြောသည်။

စစ်ရှောင်ပြည်သူများအနက် အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများလည်းပါဝင်ပြီး ၎င်းပြည်သူများသည် စစ်ကောင်စီ၏ ကျေးရွာများမီးရှို့ခြင်း၊ ပြည်သူများရှိရာ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲခြင်းအပါအဝင် အမျိုးမျိုးသော စစ်ဘေးဒုက္ခများကြောင့် ကလေးရောလူကြီးများပါ စိတ်ဒဏ်ရာရရှိထားသူများလည်းဖြစ်သည်ဟု အထက်ပါ ဆရာဝန်က ရှင်းပြ သည်။

“(ထရော်မာ)အတော်ခံစား နေကြရရှာတာပါ။ ကျွန်တော်တို့လို ယောက်ျားရင့်မာကြီးတွေတောင် ရင်တုန်ရသေးတာ”ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် တောတိုက်များအတွင်း အလျဥ်းသင့်သလို စစ်ဘေးရှောင်နေရသည့် ပြည်သူများခံစားနေကြရသော ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုကိုကာကွယ်ရန် အဖြစ်နိုင်ဆုံးနှင့် လက်တွေ့အကျဆုံးနည်းလမ်းမှာ ရေကိုကျိုချက်သောက်သုံးရန်သာဖြစ်ကြောင်း ဘေးသင့်ပြည်သူများအား ကွင်းဆင်းကုသပေးနေသည့် ခဏတာအရိပ်ဆေးရုံအဖွဲ့က အကြံပြုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ရေဘေးသင့်ပြည်သူတွေကို မြို့နယ်ပကဖနဲ့ သပိတ်အင်အားစုဝင်ရဲဘော်တွေက စားနပ်ရိက္ခာလှူဒါန်းတာ​တွေ သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook