Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့် လူကုန်ကူးမှု နှိမ်နင်းဖို့ အထူးအဖွဲ့ BGF ဖွဲ့စည်း

ကျားဖြန့် လူမှောင်ခိုလုပ်ငန်း ပပျောက်ဖို့ နှိမ်နင်းရေးဆိုပြီး စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က အထူးအဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲ နဲ့ဖွဲ့စည်းလိုက်ပါတယ်။

ဓာတ်ပုံ -KNU 

နိုင်ပကောင်း/People’s Spring

ကျားဖြန့် လူမှောင်ခိုလုပ်ငန်း ပပျောက်ဖို့ နှိမ်နင်းရေးဆိုပြီး စစ်တပ်လက်အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) က အထူးအဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက် ရက်စွဲ နဲ့ဖွဲ့စည်းလိုက်ပါတယ်။

အဲဒီအဖွဲ့ကို ဖွဲ့စည်းရာမှာ လူကုန်ကူးခံရသူတွေ ကို ပြန်လည်ပို့ဆောင်ပေးဖို့စီမံမယ့်အဖွဲ့ နဲ့ လက်အောက်ခံ အဖွဲ့ငယ် ၃ ဖွဲ့ကို BGF တပ်အရာရှိတွေအပါအဝင် လူ ၂၇ ဦး နဲ့ ဖွဲ့စည်းလိုက်တာပါ။

အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်တော့ BGF တပ်ရင်း အမှတ်(၁၀၁၇) တပ်ရင်းမှုး ဗိုလ်မှူးကြီး စောဒိဒိက ဦးဆောင်မှာပါ။

Public Service Announcement

Public Service Announcement

ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ဒုဗိုလ်မှုး ကြီး စောကျောဖေါ၊ အဖွဲ့ဝင်အဖြစ် BGF ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှုးကြီး နိုင်မောင်ဇော် တို့အပြင်BGF ခေါင်းဆောင် ဗိုလ်မှုးချုပ် စောချစ်သူ သားငယ် ဒုဗိုလ်မှုးကြီးစောချစ်ချစ်လည်း ပါဝင်တာတွေ့ရပါတယ်။

မြ၀တီမြို့နယ်အတွင်းက ကျားဖြန့် လူမှောင်ခိုလူကုန်ကူးမှုတွေကို နှိမ်နင်းသွားမယ်လို့ BGF က ပြောကြားထားပါတယ်။

ထိုင်း – မြန်မာ နယ်စပ် မြန်မာဘက်ခြမ်း ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်မြို့သစ်မှာ BGF က ကျားဖြန့်လုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ပေးထားတယ်လို့ နာမည်ဆိုးနဲ့ကျော်ကြားနေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း BGF ထိန်းချုပ်နယ်မြေထဲမှာတရုတ်မင်းသားနဲ့ တရုတ်နိုင်ငံသားအချို့ လူကုန်ကူးခံရပြီးနောက် တရုတ် အစိုးရက ကျားဖြန့်လုပ်ငန်းတွေကိုနှိမ်နင်းဖို့ ထိုင်းကိုရော မြန်မာကိုပါ ဖိအားပေးခဲ့တာပါ။

အဲဒီနောက် ထိုင်းအစိုးရဟာ မြဝတီမြို့အပါအဝင်မြန်မာဘက်ဆီ မီးပေးတဲ့နေရာ ငါးခုကို မီးဖြတ်လိုက်သလို ကျားဖြန့်နဲ့ပတ်သက်ပြီး စောချစ်သူနဲ့ BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအထူးစုံစမ်းရေး ဌာန (DSI)က လုံးပမ်းနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်ကတော့ BGF ဟာ လူကုန်ကူးခံရသူ ၆၀ ကျော်ကို ထိုင်းဘက်ဆီ ပြန်လည်လွှဲပြောင်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...