Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်အရေး တရုတ်ဒုဝန်ကြီး မနက်ဖြန် မြဝတီမြို့လာမည်

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ တရုတ်နိုင်ငံသားတွေ လူကုန်ကူးခံနေရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး Mr. Liu Zhongyi ဟာ မနက်ဖြန်(ဖေဖော်ဝါရီ ၁၇ရက်)မှာ မြဝတီမြို့ကို လာရောက်မှာဖြစ်ပါတယ်။

တရုတ်ဒုဝန်ကြီးနဲ့အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ရက်က မဲဆောက်မြို့ဘက်ကနေ မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေရှိရာ ကြည့်ရှု့ဖို့ လာစဉ်။ ဓာတ်ပုံ - The Reporters

ဒီးဒီ/People’s Spring

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ တရုတ်နိုင်ငံသားတွေ လူကုန်ကူးခံနေရတဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး Mr. Liu Zhongyi ဟာ မနက်ဖြန်(ဖေဖော်ဝါရီ ၁၇ရက်)မှာ မြဝတီမြို့ကို လာရောက်မှာဖြစ်ပါတယ်။

တရုတ်ဒုဝန်ကြီး Mr. Liu Zhongyi ဟာ မနက်ဖြန်(ဖေဖော်ဝါရီ ၁၇ရက်)မှာ မြဝတီမြို့ကို လာရောက်ပြီး ညနေ ၃နာရီမှာ အစည်းအဝေးပြုလုပ်မှာဖြစ်တယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

” ပြန်ပို့ဖို့ ဟိုနေ့က ဖမ်းဆီးခေါ်ထားတဲ့ တရုတ်နိုင်ငံသားတွေထားတဲ့နေရာကို လာမှာ”လို့ ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ နီးစပ်သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ထောင်နဲ့ချီရှိနေတဲ့ဖြစ်စဉ်အပေါ် နေရပ်ပြန်လည်ခေါ်ဆောင်ရေးအတွက် တရုတ်ဒုဝန်ကြီးက လာရောက်မှာဖြစ်ပါတယ်။

တရုတ်ဒုဝန်ကြီးအဖွဲ့ဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ မြဝတီမြို့ကို သွားရောက်မှာဖြစ်ပါတယ်။ တရုတ်ဒုဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ရက်ကလည်း မဲဆောက်မြို့ဘက်ကနေ မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေရှိရာ အဆောက်အဦးတွေကို ကြည့်ရှု့ခဲ့ပါသေးတယ်။

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ်(BGF)က ဖေဖော်ဝါရီ ၁၄ရက်က စတင်ပြီး ဝင်ရောက် စစ်ဆေးရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်က BGF ထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် နှစ်ရက်အကြာမှာ စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာတာဖြစ်ပါတယ်။

” လူကုန်ကူးခံရတဲ့သူတွေနဲ့ နေရပ်ပြန်ချင်တဲ့သူတွေကို ပထမဆုံးအနေနဲ့ ပြန်ပို့မယ်။ လိမ်လည်တဲ့သူတွေကို ဖယ်ရှားမယ်။ နောက်ဆုံးအနေနဲ့က စပ်ဆက်ပစ္စည်းတွေကို ဖျက်ဆီးပြစ်မယ်”လို့ BGF ပြော​ရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးနိုင်​မောင်​ဇော်က လူထု​နွေဦးကို ပြောထားပါတယ်။

ထိုင်းနိုင်ငံ အစိုးရနဲ့ ချိတ်ဆက်ပြီး တစ်သုတ်ကို လူဦးရေ ၅၀၀ ပြန်ပို့ပေးဖို့ စီစဉ်ထားတယ်လို့ BGFက ဆိုပါတယ်။

ဘက်ပေါင်းစုံ ဖိအားတွေကြောင့် ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေဟာ စတင် နေရာရွှေ့ပြောင်းနေပြီလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ထိုင်းအစိုးရဟာ မြန်မာဖက်ခြမ်း နယ်စပ်မှာရှိတဲ့ တရုတ်နိုင်ငံသားတွေ ဦးစီးတဲ့ ကျားဖြန့်ဂိုဏ်းတွေနဲ့ ဒုစရိုက် လုပ်ငန်းတွေကို ဖိအားပေးဖို့အတွက် လျှပ်စစ်ဓာတ်အားနဲ့ အင်တာနက် အထောက်အပံ့တွေ ဖြတ်တောက်ခြင်း အပါအဝင် တင်းကျပ်တဲ့ ကိုင်တွယ်မှုတွေ အစပြုလာတာကအခုဆိုရင် ထင်ရှားသိသာတဲ့ ရလဒ်တွေကို စတင် မြင်သာလာစေတယ်လို့ The Nation သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထိုင်းဟာ ကျားဖြန့်ဂိုဏ်းတွေ လည်ပတ်ဖို့အဓိက လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား၊ အင်တာနက် ကွန်ရက် အထောက်အပံ့တွေကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင် ဖြတ်တောက်ခဲ့သလို မီးစက်တွေ လည်ပတ်နိုင်အောင် လောင်စာဆီ တင်သွင်းမှုတွေကိုပါ ပိတ်ပင်ခဲ့ပါတယ်။

နယ်စပ်ဒေသမှာရှိနေတဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အရင်က ကျားဖြန့်လုပ်ငန်းတွေ စည်စည်ကားကား လည်ပတ်နေတဲ့ အဆောက်အအုံတွေ ပိတ်ကုန်ပြီဖြစ်ပြီး အဲဒီဂိုဏ်းတွေက မြေငှားစာချုပ်တွေ ဖျက်သိမ်းကုန်တယ်လို့ အတည်ပြုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှာ မနေ့ညက နေရာ ၃ခုမှာ ကားမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိမ် ငွေလိမ် (ကျားဖြန့်) ဂိုဏ်းတွေနဲ့ ဆက်စပ်မှုရှိကြောင်း စွပ်စွဲချက်တွေကြောင့် ယူကရိန်း အစိုးရ ရှေ့နေချုပ်ဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဆောင်းပါး

ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအပါအဝင် စစ်တပ်ထိန်းချုပ်ရာ ဒေ​​သတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ ၎င်းလက်အောက်ခံ ပျူစောထီးတွေရဲ့ စစ်မှုထမ်းပေါ်တာဆွဲတာတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားနေတဲ့အချိန် မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းဖြစ်တဲ့ Tiktok မှာ ဗိုလ်မှူးအကောင့်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ အကောင့်နာမည်တွေကတော့ ဗိုလ်မှူးသန့်ဇင်အောင်တဲ့။ သူရခန့်ပြည့်စုံတဲ့။ဗိုလ်မှူးကြီးထွန်းထွန်းနိုင်တဲ့။ ဗိုလ်မှူး ATH...