Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်အရေး တရုတ်လက်​ထောက်ဝန်ကြီးမြဝတီရောက်နေ

ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက်ဝန်ကြီး Mr. Liu Zhongyi ဟာ ဒီကနေ့ မနက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ရောက်ရှိနေပါတယ်။

မြဝတီမြို့လာရောက်တဲ့ တရုတ်လက်​​​ထောက်ဝန်ကြီးနဲ့အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - The Reporters

ဒီးဒီ/People’s Spring

ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက်ဝန်ကြီး Mr. Liu Zhongyi ဟာ ဒီကနေ့ မနက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ရောက်ရှိနေပါတယ်။

ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက်ဝန်ကြီး Mr. Liu Zhongyi အဖွဲ့ဟာ ဒိကနေ့ မနက် ၉နာရီလောက်မှာ ရောက်ရှိလာတာလို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က အတည်ပြုပါတယ်။

မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ထောင်နဲ့ချီရှိနေတဲ့ဖြစ်စဉ်အပေါ် နေရပ်ပြန်လည်ခေါ်ဆောင်ရေးအတွက် တရုတ်ဒုဝန်ကြီးက လာရောက်မှာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်လက်​​ထောက်ဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ရက်ကလည်း မဲဆောက်မြို့ဘက်ကနေ မြဝတီဒေသက ကျားဖြန့်လုပ်ငန်းတွေရှိရာ အဆောက်အဦးတွေကို ကြည့်ရှု့ခဲ့ပါသေးတယ်။

ထိုင်း – မြန်မာနယ်စပ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်မြို့သစ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ်(BGF)က ဖေဖော်ဝါရီ ၁၄ရက်က စတင်ပြီး ဝင်ရောက် စစ်ဆေးရှင်းလင်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်က BGF ထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် နှစ်ရက်အကြာမှာ စစ်ဆေး၊ ဖမ်းဆီးမှု စတင်လာတာဖြစ်ပါတယ်။

နေရပ်ပြန်ချင်တွေကို ထိုင်းနိုင်ငံ အစိုးရနဲ့ ချိတ်ဆက်ပြီး တစ်သုတ်ကို လူဦးရေ ၅၀၀ ပြန်ပို့ပေးဖို့ စီစဉ်ထားတယ်လို့ BGFက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဥရောပ သမဂ္ဂ (EU)က ဒီမိုကရေစီအကျိုးပြုကရင်တပ်မ​တော်(DKBA) နဲ့ ​ခေါင်း​ဆောင်ငါးဦး အပါအဝင် အရှေ့တောင်အာရှ ဒေသတွင်းက အဖွဲ့အစည်း ၃ ခုနဲ့ လူပုဂ္ဂိုလ် ၇ ဦးတို့ကို အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)နဲ့ ဆက်စပ်တဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက်ပိတ်ဆို့အရေးယူလိုက်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။