Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ မနေ့ကညနေပိုင်းက တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့(ဖေဖော်ဝါရီ ၁၇ရက်)မနက်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မတ္တရာမြို့နယ်တနေရာမှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားတွေ။ ဓာတ်ပုံ - CJ

မေ/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အရှေ့ခြမ်းမှာ မနေ့ကညနေပိုင်းက တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီနေ့(ဖေဖော်ဝါရီ ၁၇ရက်)မနက်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းက မြောင်းသစ်ကျေးရွာအနီးမှာ ဖေဖော်ဝါရီ ၁၆ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

“ကိုယ့်ဘက်ကလည်း ကျတဲ့သူရော၊ ထိတဲ့သူတွေရော ရှိတယ်။စကစဘက်က ဒရုန်းတွေရော မြေပြင်အင်အားတွေ ပါသုံးလာတယ်။ဒီဘက်ကို စကစကသွေးတိုးစမ်းပြီး နယ်မြေပြန်တိုးလာတဲ့သဘောရှိတယ်”လို့ မတ္တရာမြို့နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်းအခြေအနေနဲ့အထိခိုက်အကျဆုံးအခြေအနေကိုတော့ အသေးစိတ်ပြောလို့မရဘူးလို့အဲဒီ ရဲဘော်က ပြောပါတယ်။

အဲဒီနောက်ဒီနေ့မနက်မှာ စစ်တပ် စီတိုင်းကန်ရွာ၊ကျောက်တံတားနဲ့ ဗိုလ်ကုန်း​အနီးမှကို လေကြောင်းတိုက်ခိုက်တာတွေပြုလုပ်သွားတယ်လို့ သိရပါတယ်။

“ကျောက်တံတားရွာအနီးကို လေကြောင်းတိုက်တာက စစ်သားတွေပေါ်ပြန်ကြဲမိပြီး တော်တော်ထိတယ်လို့ သတင်းကြားတယ်။ရွာနားကိုကပ်ကြဲတော့ သူတို့လူသူတို့ကြဲမိတာ “လို့ တခြားတော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးကလည်း ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မနေ့ကတိုက်ပွဲအတွင်းမှာ စစ်သား သုံးဦးဒဏ်ရာရကာ PDF ရဲဘော်နှစ်ဦးရဲ့အလောင်းကိုရရှိခဲ့တယ်လို့ ရေးသားနေကြပါတယ်။

မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူဖို့ကြိုးစားနေပြီး မကြာခဏ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

မတ္တရာမြို့နယ်အရှေ့ခြမ်းက ဖယောင်းတောင်သတ္တုတွင်း၊အယ်ဖာဘိလပ်မြေစက်ရုံ၊အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် စစ်စခန်း​ပေါင်း ၄၀ ခန့်ကို MDY-PDFက ၂၀၂၄ခုနှစ်ထဲမှာသိမ်းယူခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အရပ်သားသေဆုံးမှု မြင့်တက်နေတဲ့အပေါ် အာရုံစိုက်ဖို့နဲ့ ကာကွယ်ပေးဖို့ နိုင်ငံတကာကို HDCO တိုက်တွန်း

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

Facebook