Connect with us

Hi, what are you looking for?

သတင်း

မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့တရုတ်နိုင်ငံသားတွေကို တိုက်ရိုက်လေယာဉ်နဲ့ တစ်ရက်သုံးခေါက်နှုန်း ပြန်ပို့မယ်

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ တစ်ရက် သုံးခေါက်နှုန်း လာခေါ်မှာဖြစ်ပြီး လာမယ့်ရက်အတွင်း အဲဒီအစီအစဉ်စတင်မယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

မြဝတီမြို့ကို ရောက်လာတဲ့ တရုတ်ဝန်ကြီးနဲ့ ထိန်းသိမ်းထားသည့် တရုတ်နိုင်ငံသားတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - The Reporters

■လျှပ်စစ်မီးနဲ့ လောင်စာဆီ ပြန်ရဖို့ မျှော်လင့်တယ်လို့ BGFပြော

People’s Spring

ကရင်ပြည်နယ်၊ မြဝတီဒေသမှာ လူကုန်ကူးခံရတဲ့ တရုတ်နိုင်ငံသားတွေကို တရုတ်အစိုးရက တိုက်ရိုက်လေယာဉ်နဲ့ တစ်ရက် သုံးခေါက်နှုန်း လာခေါ်မှာဖြစ်ပြီး လာမယ့်ရက်အတွင်း အဲဒီအစီအစဉ်စတင်မယ်လို့ ကရင်နယ်ခြားစောင့်တပ်(BGF) ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ကျားဖြန့်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန လက်​ထောက်ဝန်ကြီး Mr. Liu Zhongyi ဟာ ဒီကနေ့ မနက်မှာ ကရင်ပြည်နယ်၊ မြဝတီမြို့ကို ရောက်လာပြီး တရုတ်နိုင်ငံသားတွေ ပြန်လည်ခေါ်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” လက်ရှိပြန်ပို့မယ့်သူထဲမှဆိုရင်တော့ လေယာဥ်ရဲ့အနေအထားအရ လေယာဥ်နဲ့တိုက်ရိုက်ကြိုမယ်လို့ကြားတယ်။အဲဒီတော့ လက်ရှိက နောက်ပြီးတော့ သူရဲ့အဓိကက တစ်သုတ်ကို ၂၀၀နဲ့ တစ်နေ့ သုံးသုတ်လောက်တော့ကြိုမယ်လို့သိရတာပေါ့”လို့ သူက ပြောပါတယ်။

တရုတ်လက်ထောက်ဝန်ကြီးဟာ မြဝတီမြို့ မိုးလုံလေလုံအားကစားရုံမှာ ထားရှိတဲ့ တရုတ်နိုင်ငံသားတွေနဲ့ တွေ့ဆုံပြီး မြဝတီမြို စည်းကမ်းထိန်းသိမ်းရေးရုံးမှာ ထားရှိထားတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် အင်ဒိုနီးရှားနိုင်ငံသားတွေကိုလည်း တွေ့ဆုံခဲ့တယ်လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဒါ့အပြင် မြန်မာစစ်ကောင်စီအဖွဲ့၊ ထိုင်းနိုင်ငံအာဏာပိုင်တွေနဲ့ တရုတ်လက်ထောက်ဝန်ကြီးတို့ သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြတယ်လို့လည်း ပြောပါတယ်။

“လူတွေပြန်ပို့မယ့်ကိစ္စကို ဆွေးနွေးတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့လည်းအလုပ်လုပ်နေပြီဆိုတာကို ကိုယ်တိုင်ကိုယ်ကျမြင်သွားတယ် ထင်ပါတယ်။အဲဒီတော့ လူတွေပြန်လည်လက်ခံရေးကိစ္စကို အဓိကထား ဆွေးနွေးတာပေါ့နော်”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

မြဝတီဒေသမှာရှိနေတဲ့ လူကုန်ကူးခံနေရတဲ့ တရုတ်နိုင်ငံသားတွေနဲ့ နေရပ်ပြန်ချင်သူတွေ အားလုံးကို ပြန်ပို့ပေးမှာလို့လည်း ပြောပါတယ်။ လက်တလောမှာ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား တစ်ထောင်ကျော်ရှိနေတယ်လို့ ဆိုပါတယ်။

” အကုန်ပြန်ပို့မယ်ပြောထားတယ်။လက်ရှိအနေအထားက ခက်နေတာက ဥပမာဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံကနေပြန်ပို့တဲ့အခါကြတော့ ထိုင်းနိုင်ငံနဲ့ဆက်စပ်ပြီးတော့မှ ရှိနေတဲ့သံရုံးတွေ၊တချို့နိုင်ငံကြတော့ သံရုံးတွေမရှိဘူး။ဆိုတော့ အဲဒါတွေကြတော့ နည်းနည်းအခက်အခဲတွေရှိတယ်”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဒါ့အပြင် မြဝတီမြို့အပေါ် ထိုင်းအစိုးရက ဖြတ်တောက်ထားသည့် လျှပ်စစ်မီးနဲ့ လောင်စာဆီကိုလည်း ပြန်လည်ရရှိဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းတွေကြောင့် မြဝတီဒေသကို လျှပ်စစ်မီးနဲ့ လောင်စာဆီ ပေးပို့မှု ဖေဖော်ဝါရီ ၅ရက်က စတင်ဖြတ်တောက်ထားပါတယ်။

“ကျွန်တော်တို့ဘက်က အလုပ်လုပ်ပြတယ်ဆိုတာ အဓိကတော့ ကျွန်တော်တို့ပြည်သူတွေအတွက်ကို ငဲ့ညှာဦးစားပေးပြီးတော့မှ ပြည်သူတွေအတွက်အမြန်ဆုံးရရှိဖို့အတွက်တော့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။မြန်မာနိုင်ငံဘက်က တာဝန်ရှိသူတွေလည်း ဒီကိစ္စကို ထည့်သွင်းဆွေးနွေးသွားတယ်လို့သိရတယ်”လို့ ဒုတိယဗိုလ်မှူးကြီးနိုင်မောင်ဇော်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ရက်က BGF ထိပ်ပိုင်းခေါင်းဆောင်တွေ အရေးပေါ် အစည်းအဝေး ခေါ်အပြီး ကျားဖြန့်/ လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ လေးဖွဲ့ ဖွဲ့စည်းပြီးနောက် နှစ်ရက်အကြာမှာ စစ်ဆေး၊ ဖမ်းဆီးမှု စတင်ပြီး လူကုန်ကူးခံရတဲံသူတွေကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်ထဲမှာ ရဲတွေက တရုတ် အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို စီးနင်း ဖြိုခွင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

သုံးရက်အတွင်း တရုတ်နိုင်ငံသား ၆၅၀ နီးပါးကို နယ်နှင်ခဲ့ကြောင်း ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေသူ နိုင်ငံခြားသား အများအပြားကို ဖမ်းဆီး ရမိခဲ့တဲ့နောက် အင်ဒိုနီးရှား အစိုးရဟာ လက်ရှိ ဗီဇာ မူဝါဒတွေကို ပြန်လည် ဆန်းစစ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

မရမ်းကုန်းမြို့နယ်မှာဖွင့်ထားတဲ့ဟိုတယ်တစ်ခုမှာ ဧည်ကြိုလုပ်ကိုင်နေတဲ့ လူငယ်တစ်ဦး ကျားဖြန့်ဆီမှာ ရောင်းစားခံရတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။