Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနယ် တူရွင်းဘို့ရွာ ဗုံးကြဲခံရပြီး အရပ်သား ၄ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

လေတပ်စခန်းနှစ်ခုအနီးမှာရှိနေတဲ့ တူရွင်းဘို့ရွာကို Google Earth က တွေ့ရပုံ

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ထဲက တူးရွင်းဘို့ ကျေးရွာကို မနေ့ ဖေဖော်ဝါရီလ ၁၇ ညပိုင်းလေတပ်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မြင်းခြံမြို့အရှေ့မြောက်ဘက် ၈ မိုင်ခန့် အကွာမှာရှိတဲ့ တူးရွင်းဘို့ ရွာ ည ၁၀ နာရီခန့်မှာ ဗုံးကြဲ ခံရတာဖြစ်ပြီး အမျိုးသမီး ၃ ဦး နဲ့ အမျိုးသား ၁ ဦး စုစုပေါင်း ၄ ဦးသေဆုံးခဲ့တာပါ။

သေဆုံးသူ ၄ ဦးအနက် ဦးငွေသောင်း၊ ဒေါ်ဂျမ်းစိန်၊ ဒေါ်ဖြူသီ တို့ ၃ ဦးဟာ နေရာမှာတင် ပွဲချင်းပြီးဆုံးပါးသွားတာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

သူတို့ ၃ ဦးဟာ အသက် ၇၀ နဲ့ ၅၀ ကြားအရွယ်တွေဖြစ်တယ်လို့ အကြမ်းဖျင်းသိရပါတယ်။

နောက်ထပ် ဆုံးပါးသူ ကတော့ အသက် ၅၀ အရွယ်အမျိုးသမီးကြီး ဖြစ်ပြီး လက်ပြတ်တောက်သွားတဲ့အတွက် သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးခဲ့ရတာလို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူ ဒေသခံ က ဒီနေ့ နေ့ခင်းပိုင်း ၁ နာရီက ပြောပါတယ်။

မနေ့ညပိုင်း ဗုံးကြဲ တိုက်ခိုက်ခံရမှုမှာ ထိခိုက်သူ ၅ ဦး လည်း ရှိနေပြီး ဒဏ်ရာပြင်းထန်ကြတယ်လို့သိရပါတယ်။

ဒဏ်ရာရသူတွေကို မြင်းခြံဆေးရုံဆီ ပို့ဆောင်ဖို့ လုပ်ဆောင်နေပေမယ့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်က လူနာတင်ကားကို ပေးမဖြတ်လို့ လက်ရှိအချိန်ထိ ပို့ဆောင်နိုင်တာမရှိသေးဘူးလို့ ဖြစ်စဉ်ကို သိရတဲ့ဒေသခံ က အသိပေးပါတယ်။

စစ်ကောင်စီလေတပ် ပစ်မှတ်ထားဗုံးကြဲသွားတဲ့ တူရွင်းဘို့ရွာ က မန္တလေးတိုင်း မြို့သာ – မြင်းခြံ- ညောင်ဦး ကားလမ်းဘေးမှာတည်ရှိတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။