Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့ကို စစ်ကောင်စီ လေကြောင်းမှ ထပ်မံတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော၊ စက်တပ်လေထီးဖြင့်ပါ လေကြောင်းမှတိုက်ခိုက်သွားသည်။

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း ယနေ့(ဖေဖော်ဝါရီ ၁၈ရက်) နေ့လည်ပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်ရော၊ စက်တပ်လေထီးဖြင့်ပါ လေကြောင်းမှတိုက်ခိုက်သွားသည်။

ကနီမြို့နယ် နေရာ နှစ်နေရာကို တိုက်ခိုက်သွားခြင်းဖြစ်ပြီး အရပ်သားထိခိုက်မှုရှိသော်လည်း အတိအကျမသိရသေးကြောင်း ယင်းမာပင်ခရိုင်မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဖိုက်တာရော စပ်တပ်လေထီးရော လာပစ်တာ။ ကျမတို့ ကနီမှာ ဘာတိုက်ပွဲမှမရှိဘဲနဲ့ လာပစ်နေတာပါ” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်နေသည့် နေရာများသည် ချင်းတွင်းမြစ်ဆ်ိပ်ကမ်းနှင့် ပတ်ဝန်းကျင်ဒေသများဖြစ်သည်။ ဒေသခံများသည် ဗုံးခိုကျင်းများအတွင်း ပုန်းအောင်းနေကြရကြောင်း သတင်းရရှိသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၁၇ရက်)နေ့လည်ပိုင်းတွင် မု‌ဌောရွာအနီးချင်းတွင်းမြစ်ဆ်ိပ်ကမ်းတနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လေကြောင်းမှတိုက်ခိုက်ရာ ခရီးသွားသံဃာတော်တစ်ပါးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ဆိပ်ကမ်းအနီးရှိ ကားနှင့်မော်တော်အချို့ မီးလောင်ပျက်စီးခဲ့သည်။

ဖေဖော်ဝါရီ ၁၁ရက်နှင့် ဖေဖော်ဝါရီ ၇ရက်ကလည်း ကနီမြို့နယ်အတွင်း စစ်ကောင်စီက စက်တပ်လေထီးနှစ်စီးဖြင့် လေကြောင်းမှတိုက်ခိုက်ရာ အရပ်သား သုံးဦးသေဆုံးပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

ကနီမြို့နယ်သည် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် မဝေးသောကြောင့် လေကြောင်းအန္တရာယ်နှင့် စက်တပ်လေထီးအသုံးပြုတိုက်ခိုက်နိုင်သည့် ဖြစ်စဉ်မျိုးမကြာခဏကြုံတွေ့လာနိုင်ပြီး ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

Facebook