Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုတွေ များပြားလာတဲ့နောက် ဖိလစ်ပိုင်က မြို့တစ်မြို့မှာ ခြင်တွေအတွက် ဆုငွေထုတ်

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် ခြင်နှိမ်နင်းရေး အစီအမံ တစ်ခုအနေနဲ့ ဖိလစ်ပိုင်က မြို့တစ်မြို့မှာ အာဏာပိုင်တွေက ခြင်တွေအတွက် ဆုငွေပေးမယ်လို့ ကြေညာခဲ့ပါတယ်။

သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုတွေ မြင့်တက်လာတဲ့နောက် ခြင်နှိမ်နင်းရေး အစီအမံ တစ်ခုအနေနဲ့ ဖိလစ်ပိုင်က မြို့တစ်မြို့မှာ အာဏာပိုင်တွေက ခြင်တွေအတွက် ဆုငွေပေးမယ်လို့ ကြေညာခဲ့ပါတယ်။

မနီလာ မြို့တော် ပိုင်နက်ထဲက ဘာရန်ဂေ အက်ဒီရှင်ဟေးလ် မြို့ရဲ့ အုပ်ချုပ်ရေး အကြီးအကဲ ကာလီတို ကာနဲလ်က ခြင်အသေ၊ ဒါမှမဟုတ် အရှင် ၅ ကောင် ပြနိုင်သူတိုင်းကို ၁ ပီဆိုငွေကြေး ဆုချီးမြှင့်မယ်လို့ ပြောကြားခဲ့ပါတယ်။

အဲဒီလို ခြင်တွေအတွက် ဆုငွေ ထုတ်တယ် ဆိုတာဟာ စတန့်ထွက်တာ သက်သက်ပဲလို့ လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာတွေ ရှိလာပေမယ့် ကာနဲလ်ကတော့ ဒီကိစ္စဟာ လူထု ကျန်းမာရေးအတွက် တကယ်လိုအပ်လို့ အကောင်အထည် ဖော်ရတာလို့ ကာကွယ် ပြောကြားခဲ့ပါတယ်။

မနီလာမြို့တော် အပါအဝင် နိုင်ငံအနှံ့မှာ ခြင်ကနေတဆင့် ပျံ့နှံ့ ကူးစက်တဲ့ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုတွေ များပြားလာတဲ့နောက် ကာနဲလ်က အခုလို ခြင်တွေအတွက် ဆုငွေသတ်မှတ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကာနဲလ် တာဝန်ယူ အုပ်ချုပ်တဲ့ ဇုန်နယ်မြေမှာ သွေးလွန်တုပ်ကွေးကြောင့် ကျောင်းသား ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက် အခု အစီအစဉ်ကို စတင်ခဲ့တာပါ။ ကာနဲလ်က ခြင်တွေအတွက် ဆုငွေသတ်မှတ်တဲ့ အစီအစဉ်ကို အနည်းဆုံး တစ်လလောက် စမ်းသပ် လုပ်ဆောင်ပြီးမှ ရလဒ်အပေါ် မူတည်ပြီး သက်တမ်း တိုးမတိုး ဆုံးဖြတ်မယ်လို့ ပြောပါတယ်။

ခြင်အသေ၊ အရှင်၊ ဒါမှမဟုတ် ပိုးလောက်လန်းတွေဖြစ်ဖြစ် ဆုငွေ သတ်မှတ်ချက်ထဲမှာ အကျုံးဝင်တယ်လို့လည်း ကာနဲလ်က ဆိုပါတယ်။ ခြင်အရှင်တွေကိုတော့ ခရမ်းလွန်ရောင်ခြည် ထိတွေ့စေမှုနဲ့ ရှင်းလင်း သုတ်သင်သွားမယ်လို့လည်း သူက ပြောပါတယ်။

ဆုငွေပေးမယ့် အစီအစဉ် ကြေညာပြီး နာရီပိုင်းအတွင်း ခြင်နဲ့ ပိုးလောက်လန်း အကောင် ၇၀၀ လောက်ကို လာပြသပြီး လူ ၂၁ ဦးက ဆုငွေ ထုတ်ယူပြီးပြီလို့လည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေပိုင်းမှာ ခြင်တွေအတွက် ဆုငွေထုတ်တဲ့ကိစ္စ ကြေညာလိုက်တဲ့နောက် လူမှုကွန်ရက်ပေါ်မှာတော့ ရယ်ပွဲဖွဲ့ ဆွေးနွေး ငြင်းခုံမှုတွေလည်း ရှိနေပါတယ်။ တချို့ကလည်း ခြင်မွေးမြူရေး လုပ်ရင်ကောင်းမယ်လို့ နောက်ပြောင်နေကြပါတယ်။

ဖိလစ်ပိုင် ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဒီကိစ္စအပေါ် အကောင်းအဆိုး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး အရာရှိတွေဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ စမ်းသပ် လုပ်ဆောင်နေတာကို အသိအမှတ် ပြုကြောင်းပဲ ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။