Connect with us

Hi, what are you looking for?

သတင်း

စောချစ်သူကိုဖမ်းဝရမ်းထုတ်ရေးကိစ္စ ထိုင်းအာဏာပိုင်တွေကြား ညှိနှိုင်းမှု အဆင်မပြေသေး

ကရင် နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအာဏာပိုင်တွေကြား ဆွေးနွေး ညှိနှိုင်းမှုတွေ အခုထိ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

စောချစ်သူ နဲ့ BGF တပ်ဖွဲ့ဝင်​တွေကို ​​ဖေ​ဖော်ဝါရီ တတိယပါတ်မှာ​တွေ့ရစဥ်။ ဓါတ်ပုံ-The Reporters

People’s Spring

ကရင် နယ်ခြားစောင့်တပ် (BGF) ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအာဏာပိုင်တွေကြား ဆွေးနွေး ညှိနှိုင်းမှုတွေ အခုထိ အဆင်မပြေသေးဘူးလို့ သိရပါတယ်။

စောချစ်သူနဲ့ BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ဖို့ကိစ္စအတွက်ထိုင်းရဲ့အထူးစုံစမ်းစစ်ရေးရေး ဌာန (DSI)နဲ့ အစိုးရရှေ့နေတွေကြား တတိယ အကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပေမယ့်အပြီးသတ် သဘောတူညီမှု မရဘဲ အဆုံးသတ်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

BGF အဓိက လှုပ်ရှားရာ နယ်မြေဖြစ်တဲ့ မြန်မာပိုင် မြဝတီ မြို့ထဲက ဟန်ရှန်း ကာစီနိုမှာ အိန္ဒိယ နိုင်ငံသားတွေကိုလူမှောင်ခိုကူးပြီးအဓမ္မခိုင်းစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်စပ်ပြီး စောချစ်သူနဲ့ BGF ခေါင်းဆောင်ပိုင်းကို ဝရမ်းထုတ်နိုင်ဖို့ ထိုင်းဖက်က ကြိုးစားခဲ့တာပါ။

Public Service Announcement

Public Service Announcement

အစိုးရ ရှေ့နေတွေက DSI တင်ပြခဲ့တဲ့ အထောက်အထားတွေဟာ စောချစ်သူနဲ့ တခြား BGF ခေါင်းဆောင်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်မှူးကြီး စောမုတ်သုန် နဲ့ ဗိုလ်မှူး စောတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ဖို့ လုံလောက်မှု မရှိသေးကြောင်း သုံးသပ်ထားပါတယ်။

လောလောဆယ်တော့ မြဝတီ မြို့နယ်ထဲက ရွှေကုက္ကိုမြို့ အခြေစိုက် ကျားဖြန့်ဂိုဏ်းတွေကနေ ကယ်ထုတ်လာတဲ့ တရုတ် နိုင်ငံသားတွေကို နယ်စပ်မှာ စစ်ဆေး လက်ခံမှုကို ထိုင်းနဲ့ တရုတ် အာဏာပိုင်တွေ ပူးပေါင်း လုပ်ဆောင်နေပါတယ်။ အဲဒီ အစီအစဉ်ကိုတရုတ်ကအပြည့်အဝကြီးမှူး တာဝန်ယူလိုက်တယ်ဆိုတဲ့ သတင်းတွေကိုထိုင်းကာကွယ်ရေး ဝန်ကြီး ဖုန်သမ် ဝီချာရာချိုင်က ငြင်းဆိုခဲ့ပြီး အစောပိုင်းကတည်းကနှစ်နိုင်ငံပူးပေါင်း လုပ်ဆောင်နေတာသာဖြစ်တယ်လို့အတည်ပြုခဲ့ပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ အခုဖြစ်စဉ်နဲ့ ဆက်နွှယ်သူတွေရဲ့ အချက်အလက်တွေကို စုဆောင်း ကောက်ယူနေပေမယ့် နယ်စပ်မှာ ရှိနေတဲ့ တရုတ် အာဏာပိုင်တွေက သူတို့ ရရှိထားတဲ့ အချက်အလက်တွေကို ထိုင်းနဲ့ ဝေမျှသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လောလောဆယ်မှာတော့ တရုတ်နိုင်ငံသား အများစု အပါအဝင် နိုင်ငံပေါင်း ၁၂ ခုက လူ ၁၀၀၀ နဲ့ ၁၂၀၀ကြားကိုBGFက မြဝတီမှာမြန်မာအာဏာပိုင်တွေဆီ လက်လွှဲ ပေးအပ်ထားပြီး အဲဒီ လူပုဂ္ဂိုလ်တွေဟာနေရပ်ပြန်ပို့ခံရဖို့စောင့်ဆိုင်းနေတယ်လို့လည်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေကို နေရပ် ပြန်ပို့ရေး ကိစ္စကိုတော့ ထိုင်းနိုင်ငံဆီ လတ်တလော ရောက်ရှိနေတဲ့ တရုတ် ပြည်သူ့လုံခြုံရေး ဒုတိယ ဝန်ကြီး လျူရှောင်ယီက ကြီးကြပ်နေပြီး ဖေဖော်ဝါရီ ၂၀ ကနေ ၂၂ ရက်အတွင်း ပျံသန်းမယ့် စင်းလုံးငှား လေယာဉ် ခရီးစဉ် ၁၆ ခုထက် မနည်းကိုပါ ကြိုတင် စီစဉ်ထားကြောင်း သိရပါတယ်။ ကျားဖြန့်လုပ်ငန်း​တွေက​နေ ​နေရပ်ပြန်မယ့်သူ​တွေဟာ ဒီက​နေ (​ဖေ​ဖော်ဝါရီ ၂၀)မှာ မဲ​ဆောက်ကတဆင့် ​လေယာဥ်နဲ့​တရုတ်နိုင်ငံကိုပြန်ပို့မှာဖြစ်ပါတယ်။

ကိုးကား: Thai Enquirer

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီ-ကော့ကရိတ်-ဘားအံ အာရှလမ်းမကြီးကို ဧပြီလ ၂ ရက်မှာ စစ်ကောင်စီ က လမ်းပြန်ဖွင့်လိုက်ပေမယ့် စစ်တပ်ဂိတ်နဲ့ BGF ဂိတ်က ခရီးသွားကားတွေကို ငွေကျပ်သောင်းဂဏန်းအထိတောင်းခံနေတယ်လို့ ခရီးသွားအချို့ဆီကသိရပါတယ်။

သတင်း

ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ ကျားဖြန့် အဆောက်အဦးတွေကို စစ်တပ်ဝင်စီးတာဟာ ဟန်ပြလုပ်ရပ်တာဖြစ်တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

BGF အသွင်ပြောင်းကရင်အမျိုးသားတပ်(KNA) အဖွဲ့တွေ မြဝတီမြို့ပေါ်ကနေထွက်ခွာဖို့ စစ်ကောင်စီတပ်ကသတ်မှတ်ပေးထားတဲ့ နောက်ဆုံးရက် ကျော်လွန်လာပေမယ့် မြို့ပေါ်မှာ KNA တပ်ဖွဲ့တွေ ရှိနေဆဲဖြစ်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ကျားဖြန့် လုပ်ငန်းတွေကြောင့် နာမည်ဆိုးထွက်နေတဲ့ ရွှေကုက္ကိုမြို့သစ်ကို ထိန်းချုပ်ထားသူ ကရင့်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူ တစ်ယောက် လူမြင်ကွင်းကနေ တစ်လနီးပါးကြာ ပျောက်ကွယ်နေရာကနေ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းမှာ ပြန်ထွက်လာပါတယ်။