Connect with us

Hi, what are you looking for?

သတင်း

မြိုင် နှင့် ​ပေါက်မြို့နယ်အစပ် ဆုံကုန်းရွာမင်္ဂလာဆောင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ပြည်သူသေဆုံးမှုများဟု မြိုင်ပကဖ ပြော

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျောက်ခွက်ရေနံ​မှော်အနောက်ဘက် ဆုံကုန်းကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူထိခိုက်သေဆုံးမှုများပြားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီး၍ ဖရိုဖရဲဖြစ်နေသော မင်္ဂလာပွဲကျွေးမွေးဧည့်ခံမဏ္ဍပ်နှင့် ကျောင်းဆောင်တစ်ခုမှ ဘုရားခန်းပျက်စီးနေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ - မြိုင် ပကဖ/ပေးပို့

◾️ရုပ်အလောင်း ခြောက်လောင်းရှာဖွေတွေ့ရှိထား

◾️လေကြောင်းရန်ကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

​နေ့သစ်/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျောက်ခွက်ရေနံ​မှော်အနောက်ဘက် ဆုံကုန်းကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေချိန် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ရာ ဒေသခံပြည်သူထိခိုက်သေဆုံးမှုများပြားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီး၍ ဖရိုဖရဲဖြစ်နေသော မင်္ဂလာပွဲကျွေးမွေးဧည့်ခံမဏ္ဍပ်နှင့် ကျောင်းဆောင်တစ်ခုမှ ဘုရားခန်းပျက်စီးနေသည်ကိုတွေ့ရစဥ်။ ဓာတ်ပုံ – မြိုင် ပကဖ/ပေးပို့

ဖေဖော်ဝါရီ ၂၅ ရက်(ယနေ့)နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က ပေါက်မြို့နယ်၊ ဆုံကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း မြိုင် ပကဖ အဖွဲ့ဝင် ရဲဘော်တစ်ဦး မင်္ဂလာပွဲကျင်းပနေစဥ် စစ်ကောင်စီလေတပ်မှ ပထမအကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်ခန့်တွင် လေယာဥ်ပစ်ဒုံးလေးလုံးဖြင့် ဒုတိယကြိမ်လာရောက် တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ကျောက်ခွက်ရေနံမှော်ရဲ့ အနောက်ဘက်ကို ချသွားတာပေါ့။ ဆုံကုန်းရွာဆိုတာက မြိုင်မြို့နယ်ထဲမပါဘူး။ ကတ္တရာလမ်းခြားတယ်။ အဲဒီလမ်းရဲ့ဟိုဘက်ဆိုတော့ ပေါက်မြို့နယ်ထဲပါတာပေါ့။ ဒီမနက် ၁၀ နာရီ ၄၇ က ပေါင် ၃၀၀ သို့မဟုတ် ၅၀၀ ပေါ့နော်။ ၃၀၀ လား၊ ၅၀၀ လား အတိအကျမသိရဘူး။ လာကြဲတယ်။ နောက် ၁၀ နာရီ ၂၅ လောက်မှာ ရော့ကတ်လေးလာပစ်တယ်။ ပြည်သူကတော့ ထိခိုက်ဒဏ် ရာရတာရော၊ သေတာရော၊ ဘာရောဆိုရင် ၅၀ဝန်းကျင်လောက်ရှိမယ်။ လောလောဆယ် အဲအနားကို မကပ်ရဲကြသေးဘူး”ဟု မြိုင် ပကဖက ပြောသည်။

တိုက်ခိုက်ခံရမှုတွင် ဒေသခံနှင့် ရဲဘော် ၁၀ဦးထက်မနည်း အကြီးစားဒဏ်ရာရထားသည်ဟု မြိုင်ပကဖက ဆိုသည်။

“သူတို့ရဲ့ အသေးစိတ်နောက်ဆက်တွဲတော့ မသိရသေးဘူး”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲမှုသည် တင်းပေးနှင့် မြိုင်မြို့နယ် ရေနံမှော်များတွင် တော်လှန်ရေးတပ်ဖွဲ့များ ရေနံတူးဖော်‌မှု ၊ အပျော်ခန်းများပါဖွင့်လှစ်နေသည်ဆိုသော ဖော်ပြမှုတို့ကြောင့်ဟု ၎င်းက ဆိုသည်။

“ကျွန်တော့်ကိုလည်း ဖိတ်တယ်။ဖိတ်စာက ဒီမနက်ကမှရောက်လာလို့ ကံကောင်းသွားတာ”ဟု မြိုင် ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ၏ ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှုရှိလာနိုင်သောကြောင့် ဆုံကုန်းကျေးရွာအပါအဝင် နီးစပ်ရာကျေးရွာများမှ ပြည်သူများ ယာယီရွှေ့ပြောင်းနေရကြောင်း သိရသည်။

မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ လူထုနွေဦးသို့ ပေးပို့သော ဓာတ်ပုံမှတ်တမ်းများအရ ဘုန်းကြီးကျောင်းအဝန်းအတွင်း ပြင်ဆင်ထားသော မင်္ဂလာပွဲဧည့်ခံထမင်းကျွေးမွေးရေး မဏ္ဍပ်တစ်ခု ပြိုကျပျက်စီးကာ စားပွဲဝိုင်းနှင့် ထိုင်ခုံအချို့ လွင့်စင်နေခြင်း၊ ကျောင်းဝန်းအတွင်း ကျောင်းဆောင်တစ်ခုမှ ဘုရားခန်းအမိုးများပေါက်ပြဲကာ ပြိုကျပျက်စီးနေခြင်းများ တွေ့ရသည်။

“လေယာဉ်က လာမယ်လို့ ထင်ထားပြီးသားပါ။ ဒါပေမယ့် စကစက ပိုHotဖြစ်အောင် ပစ်မှတ်ထားတယ်ပဲ ထင်ပါတယ်”ဟု လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် မြိုင် ပကဖမှ ပြောခွင့်ရသူနောက်တစ်ဦးက မှတ်ချက်ပေးသည်။

လတ်တလောအခြေအနေတွင် လုံခြုံရေးအခြေအနေများအရ ထိခိုက်ဒဏ်ရာရ ပြည်သူများနှင့် သေဆုံးပြည်သူအချို့အား ကယ်ဆယ်ရေးလုပ်ဆောင်ရာတွင် သေဆုံးရုပ်အလောင်း ခြောက်လောင်းခန့်ရရှိထားပြီး ပြည်သူများအနေဖြင့် လေကြောင်းရန်ကို ဆက်လက်သတိပြုနေထိုင်ပြီး လူစုလူဝေးပြုလုပ်ခြင်းများ ရှောင်ကျဥ်ကြရန် မြိင်ပကဖ မှ အသိပေးသည်။

စစ်​ကောင်စီက နိုင်ငံတဝန်း ​နေစဥ်ဗုံးကြဲသတ်ဖြတ်​နေ​သောကာလတွင် တော်လှန်ရေးနယ်မြေတစ်ခု၌ လူစုလူဝေးဖြင့် အလှူ၊မင်္ဂလာဆောင်များတားမြစ်ထားခြင်းရှိ ၊မရှိအပေါ် မြိုင်ပကဖထံ မေးမြန်းရာ” ကျနော်တို့ဆီမှာလည်း လူစုလူဝေးပြုလုပ်ဖို့ ခွင့်ပြုပေးထားတာတော့ မရှိဘူး”ဟု ပြောသည်။

အထက်ပါ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်များတွင်တည်ရှိသည် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိခဲ့သော ရေနံမြေများအတွင်း KTV၊ မာဆတ်နှင့် ပြည့်တန်ဆာခန်းအ​ကြောင်းများပါဝင်သည့် ဆောင်းပါးတစ်ပုဒ် နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ​ပြောဆိုမှုများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာပြီးနောက် ကျောက်ခွက်ရေနံမှော်အနီးကျေးရွာတစ်ရွာကို စစ်ကောင်စီက ယခုကဲ့သို့ ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်​ကောင်စီသည် ၂၀၂၄ ခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း ​လေ​ကြောင်းတိုက်ခိုက်မှု ၂၁၅၅ ကြိမ်ပြုလုပ်ခဲ့​ကြောင်း ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်​သောအချက်အလက်ရှာ​ဖွေ​ရေးအဖွဲ့-IIMM ၏ ​ခေါင်း​ဆောင် Nicholas Koumjian က ​ပြောကြားထားသည်။

“စကစက အရပ်သား ပစ်မှတ်ရော အကုန်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် လေကြောင်းဆိုင်ရာ သတိပေးချက်တွေ သေချာ နားစွန့်သင့်ပြီး လူစုလူဝေးရှောင်သင့်ပါတယ်” ဟုမြိုင်ပကဖပြောရေးဆိုခွင့်ရှိသူက​​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာလေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကျောင်းသားကလေးငယ် ၃ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရတဲ့ကလေးငယ် ၅ ဦးထက်မနည်းရှိနေကြောင်း လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အကျဉ်းသားတွေ လွှတ်ပေးတာအပါအဝင် ဟန်ပြလုပ်ရပ်တွေလုပ်နေတဲ့ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေလို့ ဧပြီအတွင်းမှာ အရပ်သား ပြည်သူ ၁၃၈ ဦးသေဆုံးခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းကျေးရွာတွေက စစ်ရှောင်တွေ အကူအညီလိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

သတင်း

မြောက်ဦးမြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ နေအိမ်တွေမီးလောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့သတင်းရရှိပါတယ်။