Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိ

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာမှ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်များကို တွေ့ရစဥ်။ ဓာတ်ပုံ - MBPDF

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်အချို့က ပြောသည်။

လတ်တလော စစ်ကောင်စီတပ် ခြေကုပ်ယူထားသည့် မိုးဗြဲမြို့ပြင်ရှိ အမှတ်(၄၂၂)ခြေမြန် တပ်ရင်း( ခမရ- ၄၂၂ )တပ်မှလာသည့် စစ်ကြောင်းနှင့် ကရင်နီပူးပေါင်းတပ်တို့ ယနေ့ (ဖေဖော်ဝါရီ ၂၇ရက်) နံနက်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ခြင်းဟု သိရသည်။

“မနက် အစောကတည်းက လွိုင်ကော်ဘက်ကနေ မိုးဗြဲကို လက်နက်ကြီးနဲ့ပစ်တာရှိသလို အခု ည ၉ နာရီခွဲလောက်မှာ လေကြောင်းကနေ ဗုံးနှစ်လုံးကြဲသွားတယ်”ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ယနေ့ ညပိုင်းတွင် မိုးဗြဲမြို့ နေရာအချို့၌ မီးလောင်နေကြောင်းလည်း သိရသည်။

“သတင်းကောင်းများလည်းရှိသလို ပေးဆပ်ထားရတာလည်းရှိပါတယ်။သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့ကနေ တရားဝင်ထုတ်ပြန်ပါလိမ့်မယ်”ဟု မိုးဗြဲမြို့စစ်ရေးအခြေအနေကိုသိရှိသူ ဒေသခံက ပြောသည်။

ယနေ့ မိုးဗြဲမြို့တိိုက်ပွဲ ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

ယခုလ တတိယပတ်ကစ၍ ရှမ်း-ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့ကို စစ်ကောင်စီက မီးလောင်ဗုံးနှင့် အဆိပ်ငွေ့လက်နက်များပါ အသုံးပြုနေကြောင်း KNDF မိုးဗြဲဇုန်တပ်ရင်းမှူး သိန်းထွန်းက လူထုနွေဦးသို့ အသိပေးထားသည်။

စစ်ရေးနယ်မြေအရအရေးပါသော မိုးဗြဲမြို့ပြန်ရရန် ယခု ၂၀၂၅ နှစ်ဆန်းပိုင်းကစ၍ အင်အားသုံးထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှ သေဆုံးမှုများနေကြောင်း မိုးဗြဲ PDFနှင့် KNDF မိုးဗြဲဇုန်က မကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။

သို့သော် လေယာဥ်၊လက်နက်ကြီး နှင့် ဒရုန်းများနေ့စဥ် ပစ်ခတ်နေသည့်အပြင် အများပြည်သူနေထိုင်ရာ ဒေသများအထိ ပစ်မှတ်ထားလာ၍ မိုးဗြဲမြို့တွင်း ပြည်သူများဖြတ်သန်းသွားလာမှုကို ဖေဖော်ဝါရီ ၂၄ ရက်ကစ၍ ၂၈ ရက်အထိ ခေတ္တပိတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် မိုးဗြဲမြို့မှာ အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်-MBPDF က ဒီကနေ့ မေလ ၂၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းတောင်နဲ့ ကရင်နီပြည်နယ်စပ်က မိုးဗြဲမြို့အနီးကို စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်အစပ်ဒေသက တော်လှန်ရေးတပ်တွေ စုစည်းပြီး အမှတ် (၁)အယ်လ်ဖာစစ်ဒေသ(မိုးဗြဲနယ်) တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်ပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲဖြစ်နေတယ်လို့ ရှမ်းတောင်(ကရင်နီ)တိုင်းစစ်ဌာန တာဝန်ရှိသူက ပြောပါတယ်။