Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူမြို့နယ်က စံပါယ်နံ့သာကွင်းလမ်းမှာ တိုက်ပွဲတွေဖြစ်နေလို့ လမ်းပိတ်ထားရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ စံပါယ်နံ့သာကွင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်‌ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကားလမ်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်ထဲက စံပါယ်နံ့သာကွင်းလမ်းပိတ်ထား၍ ကားများပိတ်မိနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက ရွှေဘို – မြစ်ကြီးနားလမ်းပိုင်း၊ စံပါယ်နံ့သာကွင်းလမ်းမှာ စစ်ကောင်စီတပ်က စစ်‌ကြောင်းထိုးပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် အဲဒီကားလမ်းပိတ်ထားရဆဲဖြစ်တယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

စံပါယ်နံ့သာကွင်းလမ်းကို ပြန်လည်ရယူဖို့အတွက် ဖေဖော်ဝါရီ ၁၉ရက်‌ နေ့က စံပါယ်နံ့သာဘက်က နေစစ်ကြောင်းတစ်ကြောင်းနဲ့ ကန့်ဘလူအခြေစိုက် အမှတ်(၆၀၀၆)တင့်ကားတပ်ရင်းကနေ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းဟာ စစ်ကြောင်းထိုးလာတာမို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“အဓိကက ကျွန်တော်တို့ စံပါယ်နံ့သာကို ကွင်းလမ်းဖောက်လိုက်တော့ စံပါယ်နံ့သာနားမှာပဲ စကစထိုင်ထားတဲ့ နေရာရှိတယ်။အဲဒီနေရာကို ဆီတို့၊စားနပ်ရိက္ခာတို့ မစီးဆင်းတော့ဘူးလေ။ အဲတာကြောင့် သူတို့ အဲဒီလမ်းကိုပြန်ယူချင်ပုံရပါတယ်”လို့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲ‌‌ဒီနောက် ဖေဖော်ဝါရီ၂၂ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာ စံပါယ်နံ့သာကွင်းလမ်းအနီးက ငှက်ပျောကိုင်းကျေးရွာမှာ ၆၀၀၆တပ်ရင်းက ပျူစောထီးနဲ့ စစ်သားတွေ တပ်စွဲထားတယ်လို့ သိရပါတယ်။

အဲဒီအခြေအနေတွေကြောင့် ရွှေဘို- မြစ်ကြီးနားကားလမ်း၊ ကန့်ဘလူမြို့နယ်ထဲက ကွင်းလမ်းကို တပတ်ကျော်အကြာအထိ ပိတ်ထားရဆဲဖြစ်ပြီး နောက်ထပ် ကွင်းလမ်းတခုကနေ ကားတွေသွားလာခွင့်ပြုထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

ဒီလမ်းမှာ ပိတ်မိခဲ့တဲ့ကားသမားတစ်ဦးက “လမ်းကြောအခြေအနေမကောင်းဘူး။ အရင်ကွင်းလမ်းကနေ ၄ဆင့်လောက် ထပ်ကွင်းသွားရတယ်။ပြန်ဖွင့်တာက ၄ရက်လောက်ပဲရှိ သေးတယ်။အချိန်မရွေးပြန်ပိတ်သွားနိုင်တယ်လို့။ အရေးကြီးကိစ္စမရှိရင်မသွားတာအကောင်းဆုံးပဲ”လို့ ပြောပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်တာမျိုးမရှိပေမယ့် စစ်တပ်က အထိုင်ချထားတာမို့ ကွင်းလမ်းကိုပိတ်ထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။