Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေငုပ်သင်္ဘော နှစ်စီး အသစ်ထပ်ဝယ်မယ့် စင်ကာပူ ရေတပ်

ရေတပ်ရဲ့ လက်ရှိ ရေငုပ်သင်္ဘော ပိုင်ဆိုင်မှုကို ချဲ့ထွင်သွားမယ်လို့ စင်ကာပူ ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ရေတပ်ရဲ့ လက်ရှိ ရေငုပ်သင်္ဘော ပိုင်ဆိုင်မှုကို ချဲ့ထွင်သွားမယ်လို့ စင်ကာပူ ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

စင်ကာပူ စစ်တပ် (SAF)ရဲ့ ရေတပ်ဖွဲ့ဟာ လောလောဆယ် ရေငုပ်သင်္ဘော ၄ စီး ပိုင်ဆိုင်ထားပြီး ဖြစ်သလို နောက်ထပ် ၂ စီးကို ချဲ့ထွင် ဖြည့်တင်းသွားမယ်လို့ ကာကွယ်ရေး ဝန်ကြီး ဒေါက်တာ အန်အွန်ဟန်က မတ်လ ၃ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဆိုင်ရာ အစီအမံတွေကို စင်ကာပူ လွှတ်တော်မှာ တင်ပြချိန်မှာ ဝန်ကြီးက အဲဒီ အကြောင်းကို ထည့်သွင်း အစီရင်ခံသွားတာ ဖြစ်ပါတယ်။

စင်ကာပူ ရေတပ်ဟာ နိုင်ငံရဲ့ ကမ်းလွန် ရေပြင်နဲ့ ကိုက်ညီအောင် အထူးတလည် မှာယူ တည်ဆောက်ထားတဲ့ ဂျာမန်လုပ် ရေငုပ်သင်္ဘော ၄ စီးကို ပိုင်ဆိုင်ထားပါတယ်။ Invincible classလို့ အဆင့်သတ်မှတ် ခေါ်ဝေါ်တဲ့ ရေငုပ်သင်္ဘောတွေကို နောက်ထပ် ၂ စီး ထပ်မံ မှာယူမှာဖြစ်ပြီး အားလုံးဟာ ၂၀၂၈ ခုနှစ်လောက်မှာ တင်းပြည့်ကျပ်ပြည့် စစ်ဆင်ရေးတာဝန် ထမ်းဆောင်နိုင်တဲ့ အခြေအနေ ရှိနေမယ်လို့ ယုံကြည်ကြောင်း ဒေါက်တာ အန်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လောလောဆယ် ရေတပ်ဟာ Invincible class ရေငုပ်သင်္ဘော နှစ်စီးကို စစ်ဆင်ရေး တာဝန်တွေမှာ စတင် အသုံးပြုနှင့်နေပါပြီ။

ဒါပေမဲ့ ရေငုပ်သင်္ဘောတွေဟာ အချိန်ပေး ပြုပြင်ရတဲ့ အပိုင်းတွေ ရှိသလို ဖိအားများတဲ့ စစ်ဆင်ရေးတွေမှာ တာဝန်ယူရတဲ့အတွက် အရေအတွက် တိုးမြှင့် ပိုင်ဆိုင်ဖို့ လိုကြောင်း၊ ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဩစတြေးလျ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့ အားလုံးဟာလည်း စစ်ဆင်ရေး လိုအပ်ချက်အရ ရေငုပ်သင်္ဘော ၄ စီးနဲ့အထက် ပိုင်ဆိုင်ကြကြောင်း ဒေါက်တာအန်က ဆိုပါတယ်။

ကာကွယ်ရေး အသုံးစရိတ်သစ် သတ်မှတ်ချက်မှာ ထူးခြားတဲ့ နောက်ထပ် အားဖြည့် ပေါင်းစပ်မှု တစ်ခုကတော့ Titanလို့ နာမည်ပေးထားတဲ့ သယ်ယူပို့ဆောင်ရေး အသားပေး တိုက်ခိုက်ရေး ယာဉ်တွေ ဝယ်ယူဖို့ ဖြစ်ပါတယ်။ စစ်သားတွေ စီးနင်းလိုက်ပါနိုင်မယ့် အဲဒီ ဘီးတပ်ယာဉ်တွေဟာ ၃၀ မမ စက်အမြောက်တွေကို ပထမဆုံးအကြိမ် တပ်ဆင်လာပြီး အဝေးထိန်း စနစ်နဲ့ ပစ်ခတ်နိုင်မယ်လို့ ဆိုပါတယ်။ နောက်ပြီး ဝေဟင်ကနေ ဒရုန်းနဲ့ ခြိမ်းခြောက်လာနိုင်ခြေတွေကို တန်ပြန်နိုင်တဲ့ စနစ်လည်း ပါဝင်ပါတယ်။

နောက်ပြီး ၂၀၁၀ ပြည့်နှစ် ကတည်းက စင်ကာပူမှာ အသုံးပြုနေတဲ့ HIMARS ဒုံးကျည် စနစ်တွေကိုလည်း ပိုမို အဆင့်မြင့်တဲ့ ဒုံးကျည်တွေ ပစ်ခတ်နိုင်အောင် မွမ်းမံ မြှင့်တင်သွားမယ်လို့ သိရပါတယ်။

စင်ကာပူဟာ ပြီးခဲ့တဲ့နှစ်က ဆွေးနွေးခဲ့တဲ့ သဘောတူညီချက်ကို အကောင်အထည်ဖော်ပြီး အမေရိကန်လုပ် F-34A တိုက်လေယာဉ် အသစ် ၈ စီးကို ဖြည့်တင်း ဝယ်ယူသွားမယ်လို့လည်း ကြေညာထားပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ